၂၀၀၉ ခုနှစ်က မုဒိန်းမှုနဲ့ပတ်သက်ပြီး ပြောလာတာပါ။
Kyaw Ko Ko Sint

၂၀၀၉ခုနှစ်က ကျူးလွန်ခဲ့တဲ့ မုဒိန်းမှုမှာ ယနေ့ထိ ပြစ်ဒဏ်မကျရောက်နိုင်ပဲ သက်သေတွေကို ငွေနဲ့ဖုံးကွယ်ထား တာလို့ စွပ်စွဲပြောဆိုလာခဲ့တာပါ။

ရော်နယ်ဒိုကို ဝေဖန်ပြစ်တင်ထားလို့ လာာမယ့်ဖီဖာ ကမ္ဘာ့အကောင်းဆုံးဆုပေးပွဲအခမ်းအနားမှာ မျက်နှာချင်း ဆိုင် တွေ့ဆုံဖြစ်မယ် အထင်ဘူးလို့ အမေရိကန်အမျိုးသမီး တိုက်စစ်မှူး အဲလက်စ်မော်ဂန်က ပြောခဲ့တဲ့ အကြောင်း Mirror သတင်းဌာနက ဖော်ပြလာပါတယ်။



မော်ဂန်က သူ့ရဲ့ တွစ်တာက တဆင့် ရော်နယ်ဒိုက အားကစားလောကရဲ့ အကျင့်ပြခြစားမှု ပြယုဂ်လို့ ခေါ်ဝေါ် ဝေဖန်ရေးသားဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။

အကြောင်းကတော့ ၂၀၀၉ ခုနှစ်တုန်းက အမေရိကန်မှာ ရော်နယ်ဒို မိန်းကလေးတစ်ဦးကို မုဒိန်းကျင့်ခဲ့တယ်ဆို တဲ့ အမှုက ပြစ်ဒဏ်ကျခံရဖွယ်မရှိတာကြောင့်လို့ သိရပါတယ်။



“ အမျိုးသမီးတွေ လွပ်လပ်စွာ ပြောရေးဆိုခွင့်ရလာဖို့ အရေးကြီးပါတယ်၊  အခုချိန်မှာ လူတွေက ဘယ်သူမှန် တယ်မှားတယ်ဆိုတာ မေးခွန်းထုတ်နေကြမှာပါ။ ရော်နယ်ဒိုရဲ့ ပုံပြင်ကို ကြည့်လိုက်ရင် အမှုအတွက် သက်သေ တွေဖုံးကွယ်ထားတာတွေ့ရပါလိမ့်မယ်။နောက်ဆုံးမှာတော့ ငွေက တရားကို နိုင်သွားပါလိမ့်မယ်။” လို့ မော်ဂန်က Sports Illustrated .သတင်းဌာနကို ပြောခဲ့တာပါ။

အခုလို ဖြစ်စဉ်မျိုးက ရော်နယ်ဒိုတစ်ဦးတည်း ရင်ဆိုင်နေတဲ့ အမှုမဟုတ်ပေမယ့် ရော်နယ်ဒိုက အထင်ကရ ပုဂ္ဂိုလ်ဖြစ်နေတာကြောင့် အခုဖြစ်ရပ်ကို အခွင့်ကောင်းယူပြီး ဒီကနေ့အချိန်ထိ ဘောလုံးကစားနေနိုင်သေးတာ လို့ မော်ဂန်က ပြောလာပါသေးတယ်။

ရော်နယ်ဒိုရောမော်ဂန်ရော လာမယ့် စက်တင်ဘာ ၂၃ ရက်နေ့မှာ မီလန်မြို့မှာ ကျင်းပမယ့် ၂၀၁၉ ခုနှစ်အ တွက် ဖီဖာ တစ်နှစ်တာ အကောင်းဆုံးဆုပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ဖို့ ဆန်ခါတင်စာရင်း ပါဝင် ထားသူတွေ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က