လစာနဲ့ စပွန်ဆာာတွေကပဲ ရရှိနေတဲ့ တစ်နှစ်စာဝင်ငွေကို ထည့်သွင်းတွက်ချက်ထားတာဖြစ်ပြီး မက်ဆီက အဆင့် ၄ နဲ့ ဘောလုံးသမားတွေထဲမှာ အမြင့်မားဆုံး ဝင်ငွေရရှိသူအဖြစ် ရပ်တည်နေတာပါ။
ဖော်ဘတ်စ်မဂ္ဂဇင်းက စာရင်းထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ကျော်ကြားသူများစာရင်းမှာ လီယွန်နယ် မက်ဆီက ရော်နယ်ဒိုကို ကျော်ဖြတ်ကာ ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အောင်မြင်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေ၊ အနုပညာရှင်တွေ၊ အားကစားသမားတွေအားလုံးထဲမှာမှ နှစ်စဉ် ဝင်ငွေ အကောင်းဆုံး ပုဂ္ဂိုလ်တွေကို စစ်တမ်းကောက်ယူဖော်ပြနေတာပါ။ ဒီအထဲမှာတော့ လီယွန်နယ်မက်ဆီက အဆင့် ၄ နေရာမှာ တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂၇ သန်းနဲ့ ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းမှာ ရရှိနေတဲ့ လစာငွေအပြင် အက်ဒီးဒက်စ် ကုမ္ပဏီက ပေးချေနေတဲ့ တစ်သက်တာ စပွန်ဆာတွေလည်း ရှိနေတာပါ။ ဘာစီလိုနာအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ တစ်နှစ် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၈၀ အထိ ရရှိခံစားနေရတာပါ။ ဂျူဗင်တပ်အသင်းက ရော်နယ်ဒိုကတော့ အဆင့် ၆နေရာမှာ ရပ်တည်နေခဲ့ပြီး တစ်နှစ် ဝင်ငွေ အမေရိကန် ဒေါ်လာ ၁၀၉ သန်းအထိ ရရှိနေတာပါ။