loading...

loading...

loading...

ချန်ပီယံလိဂ်က ထွက်ခဲ့ရအပြီးမှာ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။
Pyae Phyo Thein

အီတလီသတင်းစာတစ်စောင်ဖြစ်တဲ့ La Repubblica သတင်းဌာနကလည်း ရော်နယ်ဒိုဟာ အသင်းက ထွက်ခွာဖို့ စဉ်းစားနေပြီလို့ ရေးသားဖော်ပြခဲ့ပါတယ်။

စပိန်ဆီဂန်ဒါကလပ်အသင်းတစ်သင်းဖြစ်တဲ့ ကာဒစ်ဇ်အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ဂျူဗင်တပ်စ်အသင်း ထွက်ခွာခဲ့ရပြီးနောက်မှာ သူတို့အသင်းကို လာရောက်ကစားဖို့ ဂျူဗီတိုက်စစ်မှူး ရော်နယ်ဒိုကို ဖိတ်ခေါ်သွားခဲ့ပါတယ်။ အေဂျက်ဇ်ကို နှစ်ကျော့ပေါင်းရလဒ် (၃-၂)နဲ့ အရေးနိမ့်ခဲ့ပြီးနောက်မှာ ဂျူဗီဟာ ချန်ပီယံလိဂ်ကွာတားအဆင့်ကနေပဲ ထွက်ခွာခဲ့ရပါတယ်။

ဒီလိုထွက်ခွာခဲ့ရမှုဟာ ရော်နယ်ဒိုအတွက်တော့ ၂၀၀၉-၁၀ ဘောလုံးရာသီနောက်ပိုင်းမှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရမှုလည်း ဖြစ်တယ်လို့ Ronaldo.com က ဖော်ပြခဲ့ပါတယ်။ အီတလီသတင်းစာတစ်စောင်ဖြစ်တဲ့ La Repubblica သတင်းဌာနကလည်း ရော်နယ်ဒိုဟာ အသင်းက ထွက်ခွာဖို့ စဉ်းစားနေပြီလို့ ရေးသားဖော်ပြခဲ့ပါတယ်။

ချန်ပီယံလိဂ်ကနေ ဂျူဗင်တပ်စ်အသင်းထွက်ခွာခဲ့ရတာကို ရော်နယ်ဒိုက စိတ်ပျက်နေပြီးတော့ အသင်းက ထွက်ခွာဖို့ စဉ်းစားနေတယ်ဆိုတဲ့ ကောလဟလသတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက်မှာ ကာဒစ်ဇ်က သူတို့အသင်းဆီ လာရောက်ဖို့ ဖိတ်ခေါ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထပ်မံထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ကာဒစ်ဇ်ကတော့ ဆီဂန်ဒါမှာ အဆင့် (၄)နေရာ ရပ်တည်နေတဲ့ အသင်းဖြစ်ပြီး လာလီဂါမှာ ကစားဖူးခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။ "ဟယ်လို ရော်နယ်ဒို၊ အေဂျက်ဇ်ကို အရေးနိမ့်လို့ စိတ်ပျက်ဝမ်းနည်းမနေပါနဲ့၊ ကာဒစ်ဇ်ကို လာခဲ့ပါ၊ မင်းသာ ရောက်လာခဲ့မယ်ဆိုရင် လာမယ့် နှစ်အနည်းငယ်အတွင်းမှာ ငါတို့ ချန်ပီယံလိဂ်ကစားခွင့် ရရှိလာပါလိမ့်မယ်"

"မင်းကို ငါတို့ နွေးထွေးစွာနဲ့ ကြိုဆိုနေမှာပါ" လို့ ကာဒစ်ဇ်အသင်းက သူတို့ရဲ့ တွစ်တာအကောင့်မှာ ရေးသားပြီး ရော်နယ်ဒိုကို ဖိတ်ခေါ်သွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အတွက် ချန်ပီယံလိဂ်ရှုံးထွက်အဆင့် (၄)ပွဲမှာ (၅)ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြပေးခဲ့ပေမယ့်လည်း အသင်းကတော့ အရေးနိမ့်ခဲ့ကာ ထွက်ခွာခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က