အသင်းဖော်ဟောင်းနဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။
Pyae Phyo Thein

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား အစ္စကိုက ရီးရဲလ်မက်ဒရစ် နဲ့ ရီးရဲလ်အသင်းသားတွေဟာ ရော်နယ်ဒိုကို လွမ်းဆွတ်သတိရနေမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ နွေရာသီအပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့တဲ့ ရော်နယ်ဒိုကို အစ္စကိုက ချီးကျူးပြောဆိုခဲ့ပေမယ့် လွမ်းဆွတ်နေမှာတော့ မဟုတ်ဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။



Photo : Sportbible

 

Four Four Two မဂ္ဂဇင်းနဲ့ တွေ့ဆုံမှုမှာ အစ္စကိုက ပြောကြားခဲ့တာဖြစ်ပြီး ရီးရဲလ်အနေနဲ့ ရလာဒ်ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ရော်နယ်ဒိုကို သတိရနေမှာ မဟုတ်ပဲ ရှေ့ဆက်ဖို့ ကြိုးစားနေမှာဖြစ်တယ်လို့ အစ္စကိုက ပြောကြားခဲ့ပါတယ်။ အစ္စကိုကတော့ ရီးရဲလ်အသင်းရဲ့ ကွင်းလယ်မှာ ခြေစွမ်းပြနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

အထူးဖန်တီးထားတဲ့ ဘောလုံးကန်ဖိနပ်ကို အိုင်ယာလန်နဲ့ပွဲမှာ ဝတ်ဆင်ကစားခဲ့တဲ့ ဂါရတ်ဘေးလ် 

Photo : Sportbible

 

"ခရစ္စတီယာနိုက ပုံမှန်ထက်ထူးကဲကောင်းမွန်တဲ့ ကစားသမားပါ၊ သူက တစ်ရာသီကို ဂိုး ၄၀၊ ၅၀ လောက် သွင်းပေးနိုင်ဖို့ အာမခံချက်ရှိပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့အသင်း အနိုင်ရခဲ့ရင် သူ့ကို သတိရမှာမဟုတ်ဘူး၊ ရှုံးခဲ့ရင်တော့ သတိရနေလိမ့်မယ်လို့ လူတွေက ပြောနေကြမှာပါပဲ၊ အဲဒီလိုတော့ မဟုတ်ပါဘူး"

Photo : Sportbible

 

"ကျွန်တော်တို့ လက်ရှိမှာ အကောင်းဆုံးခြေစွမ်းနဲ့ ကစားနေကြပါတယ်၊ ပြီးခဲတဲ့ ရာသီက ဂိုးအများကြီးမသွင်းနိုင်ခဲ့တဲ့ ကစားသမားတွေက ဒီရာသီမှာ သူတို့ရဲ့ စွမ်းရည်ကို ပြသနေကြပါပြီ၊ ဒီအချိန်မှာ သူ့ကို သတိရလွမ်းမောနေစရာ မရှိပါဘူး၊ ဂျူဗီမှာ သူ့အတွက် အရာအားလုံး အဆင်ပြေပါစေလို့ ကျွန်တော် ဆုတောင်းပေးနေပါတယ်" လို့ အစ္စကိုက ပြောကြားခဲ့ပါတယ်။

Photo : Bleacher

 

လက်ရှိဘောလုံးရာသီမှာတော့ ရီးရဲလ်မက်ဒရစ်ဟာ (၃)ပွဲကစားထားပြီးချိန် (၃)ပွဲလုံးကို အနိုင်ရရှိထားပြီး တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဘန်ဇီမာ နဲ့ ဂါရတ်ဘေးလ်တို့ဟာ (၂)ဦးပေါင်း (၇)ဂိုးအထိ သွင်းယူပေးထားပြီး အသင်းရဲ့ တိုက်စစ်အတွက် အကောင်းဆုံးခြေစွမ်းတွေ ပြသနေကြတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က