ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းကနေ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ကိုင်တွယ်တော့မယ့် ဆာရီဟာ ဒီနေ့မှာပဲ တူရင်ကို ရောက်ရှိခဲ့ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။


ဒီနေ့မှာ ပြုလုပ်နေတဲ့ ဂျူဗီနည်းပြသစ် ဆာရီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆာရီက အသင်းတိုက်စစ်မှူးရော်နယ်ဒိုကို စံချိန်သစ်တွေ ရရှိအောင် ကူညီပေးသွားမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ Goal.com ရဲ့ ဖော်ပြချက်အရ ဆာရီက ရော်နယ်ဒိုကို ကူညီပေးဖို့အတွက် အရင်ဦးဆုံးကတိပေးသွားခဲ့တာလို့လည်း ယူဆရမှာ ဖြစ်ပါတယ်။



ချယ်လ်ဆီးအသင်းကနေ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ကိုင်တွယ်တော့မယ့် ဆာရီဟာ ဒီနေ့မှာပဲ တူရင်ကို ရောက်ရှိခဲ့ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။ အယ်လီဂရီရဲ့ နည်းပြရာထူးကို ဆက်ခံခဲ့ပြီးနောက် ဆာရီဟာ အသင်းကို ဥရောပအောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးရတော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဆာရီက ချယ်လ်ဆီးအတွက် ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

"ချယ်လ်ဆီးမှာ အရမ်းကောင်းမွန်တဲ့ ကစားသမားတွေကို တွေ့ကြုံခဲ့ရပါတယ်၊ ဒါပေမယ့် ရော်နယ်ဒိုလို ကစားသမားမျိုးကို လေ့ကျင့်ပေးရမှာက နောက်ထပ်ခြေလှမ်းတစ်ခုပါပဲ၊ သူ့ကို စံချိန်မှတ်တမ်းသစ်တချို့ ရရှိအောင် ကျွန်တော်ကူညီပေးသွားချင်ပါတယ်" လို့ ဆာရီက ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ သူ ကစားခဲ့တဲ့ အသင်းတိုင်းမှာ စံချိန်မှတ်တမ်းအများအပြားကို ရယူပိုင်ဆိုင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

"နိုင်ပွဲရဖို့အတွက် ဘယ်လိုစွမ်းဆောင်ရမလဲဆိုတာကို ကျွန်တော် အမြဲတမ်းသင်ယူနေခဲ့တာပါ၊ နိုင်ပွဲတွေ ဆက်တိုက်ရယူဖို့က အမြဲတမ်းလိုလိုခက်ခဲပါတယ်၊ ဂျူဗင်တပ်စ်က အမြဲတမ်း အနိုင်ရချင်တဲ့ အသင်းပါ၊ ဒါပေမယ့် ဒီလိုဖြစ်လာဖို့တော့ ခက်ခက်ခဲခဲနဲ့ ကြိုးစားရမှာပါ၊ နာပိုလီမှာ ကျွန်တော့်အစွမ်းအစအကုန်လုံးကို ပေးဆပ်ခဲ့ပါတယ်"

"အဲဒီနောက် ပရီးမီးယားလိဂ်မှာ ကောင်းမွန်တဲ့ အတွေ့အကြုံတွေကို ရယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်၊ ဂျူဗီက အီတလီရဲ့အကောင်းဆုံးအသင်းပါ၊ အီတလီကို ပြန်လာဖို့ ကမ်းလှမ်းမှုရရှိခဲ့ပြီး အသင်းအောင်မြင်မှုတွေရဖို့ အကောင်းဆုံးအားထုတ်သွားပါမယ်" လို့ ဆာရီက ထပ်မံပြောဆိုသွားခဲ့ပါတယ်။ ဆာရီအနေနဲ့ ဂျူဗင်တပ်စ်အလိုရှိနေတဲ့ ချန်ပီယံလိဂ်ဖလားကို အရယူပေးနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ



က္က