ဂိုးသွင်းပြီး အောင်ပွဲခံပြီးချိန်ကျမှ VAR စနစ်ကို ပြန်ကြည့်ပြီး ခေါင်းကျွံနေတယ်ဆိုုကာ သွင်းဂိုးကို ပြန်လည် ပယ် ဖျက်ခြင်း ခံခဲ့ရတာပါ။
ပါးမားကို အဝေးကွင်းမှာ ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဂျူဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုအနေနဲ့ ကိုယ်တိုင် တစ်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း VAR စနစ်ကြောင့် ပြန်လည်ပယ်ဖျက်ခြင်း ခံခဲ့ရတယ်လို့ BBC SPORT သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အသင်းခေါင်းဆောင် ချီလီနီရဲ့ ပွဲချိန် ၂၁ မိနစ်မှာသွင်းယူခဲ့တဲ့ သွင်းဂိုးတစ်ဂိုးတည်းနဲ့ အနိုင်ရခဲ့ပြီး ဂျူဗင်တပ် အသင်း အဖွင့်လှခဲ့ပါတယ်။
အဲ့နောက် ရော်နယ်ဒိုက အသင်းအတွက်ဒုတိယ ဦးဆောင်ဂိးကို ညာခြမ်းက သူ့ရဲ့ ပုံစံအတိုင်းပဲ တစ်ကိုယ်တော် ထိုးဖောက်ပြီး ကန်သွင်းရယူခဲ့ပါတယ်။
ဂိုးသွင်းပြီး အောင်ပွဲခံပြီးချိန်မှာတော့ ကွင်းလယ်ဒိုင်က VAR စနစ်ကို ပြန်ကြည့်ခဲ့ရာမှာတော့ ရော်နယ်ဒိုအနေ နဲ့ဘောလုံးလက်ခံစဉ်က သူ့ရဲ့ ဦးခေါင်းက မဆိုသလောက်လေး ကျွံနေခဲ့တာကို သိသာစေခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ကြောင့် အဖွင့်ပွဲမှာ ပထမဆုံးဂိုးစတင်ရယူနိုင်မယ့် အခြေအနေတစ်ရပ်ကို ရော်နယ်ဒို လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။
ဂျူဗင်တပ်အသင်းအနေနဲ့ ပါးမားနဲ့ပွဲမှာ ပေါင် ၆၇.၅ သန်းနဲ့ အေဂျက်က ခေါ်ယူထားတဲ့ နောက်ခံလူ ဒီလိုက်ကို အရန်ခုံမှာ ထားရှိခဲ့ပေမယ့် ထည့်သွင်းအသုံးပြုခဲ့ခြင်းတော့ မရှိတာတွေ့ရပါတယ်။
ဒါ့အပြင် အာဆင်နယ်က အလွတ်ခေါ်ယူထားတဲ့ အာရွန်ရမ်ဆေးလည်း အသင်းလူစာရင်းမှာ ပါဝင်လာခဲ့ခြင်းမရှိ ခဲ့ပြန်ပါဘူး။
အလားတူ နည်းပြ ဆာရီကိုယ်တိုင်လည်း အဖျားဝေဒနာကြောင့် အသင်းကို လိုက်ပါ ကြီးကြပ်နိုင်ခြင်း မရှိခဲ့ပဲ လာမယ့် နာပိုလီနဲ့ပွဲမှာလည်း ကြီးကြပ်နိုင်ဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။