စီးရီးအေတစ်နှစ်တာအကောင်းဆုံးဆုတွေကို မနေ့က ရွေးချယ်ခဲ့တာပါ။
Pyae Phyo Thein

ဂျူဗီအတွက် ၃၁ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ ရော်နယ်ဒိုကို ကျော်ဖြတ်ပြီး ဒီဘာလာက ရရှိခဲ့တာဖြစ်ပါတယ်။

စီးရီးအေဘောလုံးရာသီရဲ့ အကောင်းဆုံးကစားသမားဆုတွေကို မနေ့က ထုတ်ပြန်ကြေညာခဲ့ရာမှာ ပြီးခဲ့တဲ့ရာသီက တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ ရော်နယ်ဒိုဟာ ဒီရာသီမှာတော့ အဆိုပါဆုနဲ့ လွဲချော်ခဲ့ရပြီဖြစ်ပါတယ်။ ဂျူဗီအတွက် ၃၁ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ ရော်နယ်ဒိုကို ကျော်ဖြတ်ပြီး ဒီဘာလာက ရရှိခဲ့တာဖြစ်ပါတယ်။

ဒီဘာလာဟာ ဂျူဗီအတွက် ၃၃ ပွဲကစားပေးခဲ့ရာမှာ ၁၁ ဂိုးသွင်းပြီး ၁၁ ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ သူ့အနေနဲ့ အသင်းအတွက် အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့လို့လည်း ရွေးချယ်ခံခဲ့ရပြီး အသင်းဖော်ရော်နယ်ဒိုကို ကျော်ဖြတ်နိုင်ခဲ့တာ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။


အကောင်းဆုံးဂိုးသမားဆုကိုတော့ ဂျူဗီက ဆက်ဇနီ၊ အကောင်းဆုံးနောက်ခံလူအဖြစ် အင်တာမီလန်မှ ဒီဗာ့ဂျ်၊ အကောင်းဆုံးကွင်းလယ်လူအဖြစ် အတ္တလန္တာမှ ပါပူဂိုမက်ဇ်၊ အကောင်းဆုံးတိုက်စစ်မှူးအဖြစ် လာဇီယိုမှ အီမိုဘီလီတိို့ ဆွတ်ခူးခဲ့ကြပြီး အကောင်းဆုံးလူငယ်ကစားသမားအဖြစ် ဂျူဗီကနေ ပါးမားကို အငှားနဲ့သွားကစားခဲ့တဲ့ ဒီဂျန်ကူလပ်ဆက်ဗ်စကီက ရရှိခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီမှာ စီးရီးအေသွင်းဂိုး ၂၁ဂိုးသာရရှိခဲ့ပေမယ့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ ပြီးခဲ့တဲ့ရာသီကထက် ၁၀ ဂိုးအထိ ပိုသွင်းနိုင်ခဲ့ပေမယ့်လည်း အသင်းဖော်ဒီဘာလာရဲ့ ကျော်ဖြတ်ခြင်းကိုခံခဲ့ရပြီး အကောင်းဆုံးတိုက်စစ်မှူးဆုကိုလည်း ရွှေဖိနပ်ဆုရရှိခဲ့တဲ့ အီမိုဘီလီကသာ ရရှိခဲ့လို့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြန်လည်စတင်ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်တွေမှာ အသင်းအတွက် ခြေစွမ်းပြခဲ့ပြီး ဂိုးတွေသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဂျူဗီအနေနဲ့ လာမယ့်သောကြောနေ့မှာ လိုင်ယွန်ကို အိမ်ကွင်းမှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ကို လက်ခံကစားရမှာဖြစ်ပြီး ပထမအကျော့အဝေးကွင်းမှာတော့ ၁-၀ နဲ့ အရေးနိမ့်ထားခဲ့ပါတယ်။ 


Author


က္က