ပေါ်တူဂီအသင်းမှာ အသင်းဖော်တွေဖြစ်ပါတယ်။
Pyae Phyo Thein

ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့လည်း နေးရှင်းလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဂျာအိုဖီးလစ်က ရော်နယ်ဒိုလက်သစ်လို့ ချီးကျူးခံခဲ့ရသူလည်း ဖြစ်ပါတယ်။

နွေရာသီအပြောင်းအရွှေ့ကာလမှာ အက်သလက်တီကိုမက်ဒရစ်အသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ တိုက်စစ်ကစားသမား ဂျာအိုဖီးလစ်က ပေါ်တူဂီအသင်းဖော်နဲ့ စီနီယာကစားသမား ရော်နယ်ဒိုလို ကစားသမားမျိုးဖြစ်ချင်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ဂျာအိုဖီးလစ်ဟာ ဘင်ဖီကာကနေ စာချုပ်ဖျက်သိမ်းကြေး ယူရို (၁၂၆)သန်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းကို ရောက်ရှိလာခဲ့သူလည်းဖြစ်ပါတယ်။



ဘာစီလိုနာကို ပြောင်းရွှေ့သွားခဲ့တဲ့ ဂရစ်မန်းရဲ့နေရာမှာ အစားထိုးဖို့ ဂျာအိုဖီးလစ်ကို နည်းပြဆီမြွန်နီက ခေါ်ယူခဲ့တာဖြစ်ပြီး ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးကို ပေးချေခဲ့ရပါတယ်။ ဘင်ဖီကာအတွက် ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပြီး ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့လည်း နေးရှင်းလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဂျာအိုဖီးလစ်က ရော်နယ်ဒိုလက်သစ်လို့ ချီးကျူးခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ ကစားသမားဘဝမှာ ဘလွန်းဒီအောဆုကို (၅)ကြိမ်ပိုင်ဆိုင်ထားသူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်နဲ့ တစ်ကြိမ်၊ ရီးရဲလ်မက်ဒရစ်နဲ့ (၄)ကြိမ် ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဖလားကို (၅)ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ အောင်မြင်မှုတွေအပေါ်မှာ ဂျာအိုဖီးလစ်က အားကျနေပြီး ရော်နယ်ဒိုလို စွမ်းဆောင်နိုင်ဖို့ ရည်မှန်းထားပါတယ်။

"ရော်နယ်ဒိုက ဘလွန်းဒီအောဆု (၅)ကြိမ်အထိ ပိုင်ဆိုင်ထားခဲ့ပါတယ်၊ ဒီလိုအောင်မြင်ဖို့က ကစားသမားတိုင်းရဲ့ အိပ်မက်ပါပဲ၊ ကျွန်တော်လည်း ရော်နယ်ဒိုလိုမျိုး ဖြစ်ချင်တယ်ဆိုတာ သေချာပေါက်ပါပဲ" လို့ ESPN နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဂျာအိုဖီးလစ်က ပြောသွားခဲ့ပါတယ်။

အက်သလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တာနဲ့ ပတ်သက်ပြီးလည်း ဂျာအိုဖီးလစ်က - "အက်သလက်တီကိုက နာမည်ကျော်တိုက်စစ်မှူးကောင်းတွေအများကြီး ထွက်ပေါ်ခဲ့တဲ့အသင်းပါ၊ ဒီထဲမှာ ကျွန်တော်လည်း တစ်ဦးအပါအဝင်ဖြစ်ဖို့ မျှော်လင့်ထားပြီး ဒီအသင်းကိုပြောင်းရွှေ့ခဲ့တာ ဒါကြောင့်ပါပဲ" လို့ ပြောသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က