ရီးရဲလ်မှာ လက်တွဲခဲ့သူတွေဖြစ်ပါတယ်။
Pyae Phyo Thein

အီတလီလူမျိုးနာမည်ကျော်နည်းပြကြီးဟာ မော်ဒန်ဘောလုံးလောကမှာ နည်းစနစ်ပိုင်းကောင်းမွန်သူတစ်ဦးလို့ သတ်မှတ်ခံရပြိး နာမည်ကျော်အသင်းအများအပြားကို ကိုင်တွယ်ခဲ့ကာ အောင်မြင်မှုတွေရယူနိုင်ခဲ့သူဖြစ်ပါတယ်။


ရီးရဲလ်မက်ဒရစ်အသင်းနည်းပြဟောင်းကားလိုု့စ်အန်ဆယ်လော့တီက ဘာနေဗျူးနည်းပြဘဝဟာ နည်းပြတိုင်းမက်ခဲ့ကြတဲ့ အိပ်မက်ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ ရီးရဲလ်နည်းပြဘဝအကြောင်းကို အန်ဆယ်လော့တီက ပြန်လည်ပြောပြခဲ့တာဖြစ်ပြီးတော့ ရော်နယ်ဒိုလိုကစားသမားက ညွှန်ကြားချက်တွေပေးနေဖို့တောင် မလိုအပ်ဘူးလို့လည်း ပြောဆိုသွားခဲ့ပါတယ်။

အန်ဆယ်လော့တီကတော့ ရီးရဲလ်နည်းပြအဖြစ် ၂နှစ်ကြာ ကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။ အီတလီလူမျိုးနာမည်ကျော်နည်းပြကြီးဟာ မော်ဒန်ဘောလုံးလောကမှာ နည်းစနစ်ပိုင်းကောင်းမွန်သူတစ်ဦးလို့ သတ်မှတ်ခံရပြိး နာမည်ကျော်အသင်းအများအပြားကို ကိုင်တွယ်ခဲ့ကာ အောင်မြင်မှုတွေရယူနိုင်ခဲ့သူဖြစ်ပါတယ်။ အေစီ၊ ဂျူဗီ၊ ချယ်လ်ဆီး၊ ဘိုင်ယန်၊ ပီအက်စ်ဂျီနဲ့ ရီးရဲလ်တို့ကို ကိုင်တွယ်ဖူးပြီး လက်ရှိမှာ အဲဗာတန်နည်းပြအဖြစ် တာဝန်ယူနေတာဖြစ်ပါတယ်။ 

အသက် ၆၀ အရွယ်ရှိပြီဖြစ်တဲ့ ၀ါရင့်နည်းပြကြီးက "ခင်ဗျားနည်းပြတစ်ဦးဖြစ်နေချိန်မှာ ခင်ဗျားဘဝရဲ့ တစ်ချိန်ချိန်မှာ ရီးရဲလ်နည်းပြဖြစ်လာဖို့ ကြိုးစားသင့်တယ်လို့ ထင်ပါတယ်၊ အဲဒီမှာ ကျွန်တော် နှစ်နှစ်လောက် တာဝန်ယူခဲ့ပြီးတော့ မမေ့နိုင်တဲ့ အတွေ့အကြုံတွေရခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ ရီးရဲလ်မက်ဒရစ်က ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်နေပြီး ပုံရိပ်ကြီးမားလို့ပါပဲ"

"ကျွန်တော်ရောက်ခဲ့တဲ့အချိန်မှာ အသင်းကပြသနာတချို့ရှိနေခဲ့ပါတယ်၊ ချန်ပီယံလိဂ်ဖလားကို သူတို့မရတာ ၁၂ နှစ်လောက်ရှိနေခဲ့ပြီး ကံကောင်းစွာနဲ့ပဲ ရောက်ရောက်ချင်းနှစ်မှာပဲ ကျွန်တော်ရယူနိုင်ခဲ့ပါတယ်" လို့ အန်ဆယ်လော့တီက ပြောခဲ့ပါတယ်။ အန်ဆယ်လော့တီဟာ ရီးရဲလ်နည်းပြဘဝမှာ သူအလိုရှိတဲ့ကြယ်ပွင့်တချို့ကို တောင်းဆိုခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ရော်နယ်ဒိုရဲ့ ကူညီအားထုတ်မှုတွေနဲ့ အဆင်ပြေခဲ့တာလည်းဖြစ်ပါတယ်။ 

"ရော်နယ်ဒိုအတွက် အသင်းတစ်သင်းတည်ဆောက်ပေးစရာမလိုပါဘူး၊ ဇီဒန်းကို ကျွန်တော်ပြောခဲ့တာက သူတို့ကို ပိုပြီးတော့ သက်တောင့်သက်သာရှိနေစေမယ့် ကစားဟန်မျိုးကို အသုံးပြုပေးဖို့ပဲလို်တယ်လို့ပါ၊ ရော်နယ်ဒိုလို ပွဲတိုင်းဂိုးသွင်းနိုင်တဲ့ တိုက်စစ်မှူးမျိုးကို ပြိုင်ဘက်အသင်းနဲ့ ပတ်သက်ပြီး အချက်အလက်အများကြီးပြောနေဖို့မလိုပါဘူး၊ သူတို့ကို နည်းစနစ်ပိုင်းကန့်သတ်ရင် မှားပါလိမ့်မယ်၊ ဘာလို့လဲဆိုတော့ ရီးရဲလ်မှာ တိုက်စစ်ကိုလိုက်ပါနိုင်တဲ့သူရော၊ ခံစစ်ကို အားဖြည့်ပေးမယ့်သူတွေပါ ရှိနေလို့ပါ" လို့ အန်ဆယ်လော့တီက ပြောခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က