ရော်နယ်ဒိုရဲ့ယူနိုက်တက်ဂျာစီတောင် ရှိခဲ့တာပါ။

အေဂျက်ကြယ်ပွင့် ဒီလစ်ဟာ ကလေးဘဝ ဘောလုံးကစားခဲ့တဲ့အချိန်တုန်းက ရော်နယ်ဒိုလို ကစားသမားမျိုးဖြစ်ချင်ခဲ့ပြီး ရော်နယ်ဒိုရဲ့ ရှပ်တောင် ရှိခဲ့တယ်လို့ talkSPORT ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အသက် ၁၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီလစ်ဟာ ယခုနွေရာသီမှာ အေဂျက်အသင်းကနေ ထွက်ခွာဖို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပြီး ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။



နယ်သာလန်လက်ရွေးစင်ကြယ်ပွင့် ဒီလစ်ကို ဥရောပထိပ်သီးအသင်းကြီးတွေက ခေါ်ယူဖို့ ကြိုးပမ်းနေကြပြီး ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ မန်ချက်စတာယူနိုက်တက်တို့ကလည်း ဒီလစ်ကို စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

ဒါပေမယ့် အေဂျက်အသင်းခေါင်းဆောင် ဒီလစ်က ၎င်းရဲ့ဘောလုံးသူရဲကောင်း ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ တွဲဖက်ကစားဖို့အတွက် ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖွယ်ရှိနေတာဖြစ်ပါတယ်။

ဒတ်ချ်မဂ္ဂဇင်း VI နဲ့ မေလက တွေ့ဆုံခဲ့ချိန်အတွင်း ဒီလစ်က ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အခုလို ပြောကြားခဲ့ပါတယ်။

“အားလုံးက လျင်လျင်မြန်မြန်ပဲ ဖြစ်သွားခဲ့တာပါ။ ကျွန်တော် တခါတလေကျရင် ပြန်စဉ်းစားမိတယ်။ တစ်ရာသီလုံး အသင်းနဲ့ ပြိုင်ပွဲအတွင်း ကစားသမားတစ်ယောက်အနေနဲ့ ခင်ဗျားမှာ ပြန်လည်ကြည့်ရှုဖို့ အချိန်တကယ်မရှိပါဘူး”

“ဒါပေမယ့် တစ်ခါတရံမှာ အချိန်ရှိပါတယ်။ ကျွန်တော် ပြန်စဉ်းစားကြည့်လိုက်တဲ့အခါမှာ အဲဒါက သာမန်မဟုတ်ပါဘူး။ မကြာသေးမီတုန်းက ကျွန်တော့်ရဲ့ငယ်ပေါင်းသူငယ်ချင်းတွေနဲ့ ညစာစားခဲ့တဲ့အချိန်တုန်းကလိုပေါ့”

“နိဂုံးချုပ်ရမယ်ဆိုရင် ငယ်ငယ်တုန်းက ပန်းခြံထဲမှာ ဘောလုံးကစားခဲ့တဲ့အချိန်မှာ ကျွန်တော် အမြဲတမ်း ခရစ်စတီယာနိုုရော်နယ်ဒိုဖြစ်ချင်ခဲ့ပါတယ်။ အထူးသဖြင့် သူ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားနေခဲ့တဲ့အချိန်တုန်းကပေါ့”

“ကျွန်တော့်ရဲ့ပထမဆုံးဘောလုံးဝတ်စုံက အဲဒီအချိန်တုန်းက သူနဲ့သက်ဆိုင်တဲ့ဝတ်စုံပါ။ သူငယ်ချင်းတွေနဲ့ ညစာစားခဲ့တာကတော့ ဂျူဗင်တပ်နဲ့ တွေ့ပြီးတဲ့နောက်မှာပါ။ တူညီတဲ့ရော်နယ်ဒိုတစ်ဦးတည်းနဲ့ ကျွန်တော် ရင်ဆိုင်ကစားခဲ့ရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က