loading...

loading...

loading...

ဒါ‌လော့နဲ့ ကစား‌နေချိန်ဂိုးသွင်းပြီး ‌အောင်ပွဲခံခဲ့တာပါ။
Kyaw Ko Ko Sint

စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်လို့ ဖေဖော်ဝါရီတစ်လတာအကောင်းဆုံး ကစားသမားဆု ရချိန်မှာ ပြောထားပြီးနောက် ပုံစံတူ အောင်ပွဲခံဟန်ကိုပါ လိုက်လုပ်ပြခဲ့တာပါ။

ဖေဖော်ဝါရီ တစ်လတာအကောင်းဆုံး ကစားသမားဆု ရရှိခဲ့ပြီးတဲ့နောက် မိမိရဲ့ ကစားသမားဘဝမှာ ရော်နယ်ဒိုကို စံထား ကြိုးစားနေတာပါလို့ ထုတ်ဖော်ပြောခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဖာနန်ဒက်စ်ကတော့ လက်ရှိမှာလည်း ရော်နယ်ဒိုရဲ့ ကိုယ်ပိုင်အောင်ပွဲခံဟန်ကို လိုက်လံတုပ အောင်ပွဲခံခဲ့ပြန်ပါပြီ။

ဘောလုံးပွဲတွေ ရပ်နားထားပြီး သီးသန့် နေထိုင်နေရချိန်မှာ ကစားဖော် ဒီယေဂိုဒါ‌လော့နဲ့ ဘောလုံးကန်သွင်းတိုင်း ကစားနေစဥ် ဂိုးဝင်သွားပြီးနောက် အောင်ပွဲခံပြခဲ့တာပါ။

မူလက ဘောလုံးပွဲတွေ ရပ်နားသည့်တိုင် ကစားသမားတွေကိုတော့ လေ့ကျင့်ခန်း ပြုလုပ်နေစေတဲ့ယူနိုက်တက် အသင်းက အင်္ဂါနေ့ကပဲ လေ့ကျင့်ခန်းကို ရပ်နားပြီလို့ ကြေညာခဲ့တာပါ။

ဒါလော့က ဂိုးပိုမိုသွင်းယူနိုင်ပေမယ့် ဖာနန်ဒက်စ်က ဂိုးသွင်းယူနိုင်ချိန်မှာတော့နိုင်ငံ ကစားဖော် ရော်နယ်ဒိုရဲ့ အောင်ပွဲခံဟန်အတိုင်း အသင့်ရိုက်နေတဲ့ ကင်မရာဖက်ကို လှည့်ပြီး အောင်ပွဲခံခဲ့တာပါ။

ဖာနန်ဒက်စ်က သူ့ကို ယူနိုက်တက်ကိုပြောင်းဖို့ ရော်နယ်ဒိုက တွန်းအားပေးခဲ့သလို များစွာ အားပေးခဲ့တယ်လို့ လည်း ဆိုခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံ လက်ရွေးစင် စတင်ဖြစ်ခဲ့ချိန်မှာလည်း လေ့ကျင့်ရေးကွင်းမှာ ရော်နယ်ဒိုက လှိုက်လှိုက်လှဲလှဲ ကြိုဆို ခဲ့တယ်လို့လည်း ဆိုပါသေးတယ်။

သူ့ဘဝမှာ ရော်နယ်ဒိုက စံပြထားရတဲ့ စီနီယာ ကစားသမားတစ်ဦး ဖြစ်တယ်လို့ ဝန်ခံထားတာ ဖြစ်ပြီး လက်ရှိမှာ တော့ ယူနိုက်တက်မှာ အကောင်းဆုံး ခြေစွမ်းပြ ကစားနေနိုင်ပါတယ်။


loading...

က္က