ဆွီဒင်နဲ့ပွဲမှာ အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့သူဖြစ်ပါတယ်။
Pyae Phyo Thein

ရော်နယ်ဒိုဟာ သွင်းဂိုး ၁၀၀ ပြည့်စေမယ့်ဂိုးကို အလွတ်တည်ကန်ဘောကတဆင့် လှလှပပသွင်းယူခဲ့ပြီး နောက်တစ်ဂိုးကိုလည်း ဧရိယာပြင်ပကနေ အပြင်းကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ 


ဆွီဒင်နဲ့ပွဲမှာ ပေါ်တူဂီအတွက် အနိုင်ဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးရော်နယ်ဒိုကို ပေါ်တူဂီနည်းပြဖာနန်ဒိုဆန်းတို့စ်က ချီးကျူးစကားတွေပြောဆိုသွားခဲ့ပါတယ်။ ပေါ်တူဂီဟာ ရော်နယ်ဒိုမပါဝင်ဘဲ ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်လာမှာမဟုတ်ဘူးလို့ ချီးကျူးခဲ့ပြီး သူ့ရဲ့ အသင်းခေါင်ေးဆာင်ဟာ စံချိန်မှတ်တမ်းတွေကို ဆက်လက်ရေးထိုးနေလိမ့်မယ်လို့ အမွှမ်းတင်သွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ခရိုအေးရှားနဲ့ပွဲကို လွဲချော်ခဲ့ပေမယ့်လည်း ဆွီဒင်နဲ့ပွဲကိုတော့ ပြန်လည်ပါဝင်ကစားနိုင်ခဲ့ပါတယ်။ နိုင်ငံတကာသွင်းဂိုး ၉၉ ဂိုးရရှိထားပြီး ဂိုး ၁၀၀ ပြည့်မြောက်ဖို့အတွက် စောင့်ဆိုင်းနေခဲ့ရတဲ့ ရော်နယ်ဒိုဟာ ဆွီဒင်နဲ့ပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး ကမ္ဘာပေါ်မှာလက်ရွေးစင်သွင်းဂိုး ၁၀၀ သွင်းယူနိုင်တဲ့ ဒုတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကာ ဥရောပမှာတော့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ 

ပွဲအပြီးမှာ ပေါ်တူဂီနည်းပြဆန်းတို့စ်က "ဘာများထပ်ပြောနိုင်ဦးမှာလဲ၊ အသင်းအသင်းက ကမ္ဘာ့အကောင်းဆုံးကစားသမားမပါဝင်ဘူးဆိုရင် ပိုပြီးကောင်းလာမှာမဟုတ်ဘူးလေ၊ သူက အခုစံချိန်တွေကို ချိုးဖျက်နေပြီး စံချိန်သစ်တွေကို တင်နေတာပါ၊ အားလုံးက သူ့ကစားသမားဘဝ ပြီးဆုံးနေပြီလို့ ထင်နေကြတဲ့အချိန်မှာနော်"

"နောက်ထပ်လည်းစံချိန်တွေလာဦးမှာပါ၊ အဲဒီပေါ်မှာ သူ မားမားမတ်မတ်ရပ်နေပါတယ်" လို့ ဆန်းတို့စ်က ပြောဆိုခဲ့ကြောင်း Sportskeed က ဖော်ပြခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ နိုင်ငံတကာသွင်းဂိုး ၁၀၁ ဂိုးအထိ ရရှိသွားပြီဖြစ်ပြီး ဂိုးအများဆုံးသွင်းယူးထားတဲ့ အလီဒါယီကို လိုက်မီဖို့ ၈ ဂိုးသာ လိုအပ်တော့တာလည်းဖြစ်ပါတယ်။ 

အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီကလည်း ဂျူဗီအတွက် စီးရီးအေသွင်းဂိုး ၃၁ ဂိုးအထိ ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ သွင်းဂိုး ၁၀၀ ပြည့်စေမယ့်ဂိုးကို အလွတ်တည်ကန်ဘောကတဆင့် လှလှပပသွင်းယူခဲ့ပြီး နောက်တစ်ဂိုးကိုလည်း ဧရိယာပြင်ပကနေ အပြင်းကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ 


Author


က္က