သူထွက်ခွာခဲ့တာက အသင်းအတွက် အကျိုးသက်ရောက်မှုနည်းပါးတယ်လို့ ဆိုပါတယ်။
Pyae Phyo Thein

ရီးရဲလ်ဟာ ဒီရာသီလာလီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့အသင်းဖြစ်ပြီး ရော်နယ်ဒိုထွက်ခွာပြီးနောက် အဓိကဖလားတစ်လုံးကို ပထမဆုံးအကြိမ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 


ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဆုဖလားတွေပြန်လည်ရယူနိုင်ဖို့အတွက် ကောင်းကောင်းသိရှိနားလည်ထားပြီး ရော်နယ်ဒိုမရှိပေမယ့်လည်း အောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်းနိုင်တယ်လို့ ကွင်းလယ်လူမိုဒရစ်က ပြောဆိုလိုက်ပါတယ်။ ရီးရဲလ်ဟာ ဒီရာသီလာလီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့အသင်းဖြစ်ပြီး ရော်နယ်ဒိုထွက်ခွာပြီးနောက် အဓိကဖလားတစ်လုံးကို ပထမဆုံးအကြိမ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

စပိန်စူပါဖလားကိုလည်း ဒီရာသီမှာပဲ သူတို့အသင်းက ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ နည်းပြဇီဒန်းရဲ့ တစ်ကျော့ပြန်ရောက်ရှိလာမှုနဲ့အတူ ရီးရဲလ်ဟာ ပြီးခဲ့တဲ့ရာသီက ဆုဖလားလက်မဲ့ဖြစ်ခဲ့မှုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုရှိခဲ့စဉ်က ရီးရဲလ်ဟာ ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်တိုက်ဆွတ်ခူးနိုင်တဲ့အထိ တောက်ပခဲ့ပါတယ်။

ရော်နယ်ဒိုအသင်းက ထွက်ခွာခဲ့တာဟာ စိတ်ပိုင်းဆိုင်ရာအရ အသင်းတွင်းမှာ အကျိုးသက်ရောက်မှုတွေရှိမလားဆိုတဲ့ မေးခွန်းကို မိုဒရစ်က "ရော်နယ်ဒိုက ရီးရဲလ်မက်ဒရစ်အတွက် ဘယ်လိုအရေးပါခဲ့လဲဆိုတာ ဆွေးနွေးနေစရာမလိုပါဘူး၊ ဒါပေမယ့် ကျွန်တော်ပြောနိုင်တာကတော့ သူဒီမှာ မရှိတော့ဘူးဆိုတာက ကျွန်တော်တို့ကိုမလွှမ်းမိုးနိုင်ပါဘူး"

"ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ချင်းတွေကလည်း မတူညီကြပါဘူး၊ သူ မရှိပေမယ့်လည်း ကျွန်တော်တို့ အောင်မြင်မှုတွေ ဆက်ပြီးတော့ ရယူနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်" လို့ မိုဒရစ်က Sportske Novosti ကို ပြောဆိုခဲ့ပါတယ်။ မိုဒရစ်က နည်းပြဇီဒန်းကိုလည်း ချီးကျူးစကားတွေပြောဆိုခဲ့ပါသေးတယ်။

"ဇီဒန်းက သူဟာ ခမ်းနားကြီးကျယ်သူတစ်ဦးဆိုတာကို နောက်တစ်ကြိမ်သက်သေပြခဲ့ပါတယ်၊ သူ့ရဲ့ကစားသမားတွေကို ချဉ်းကပ်တဲ့ပုံစံက မှန်ကန်ခဲ့ပြီးတော့ အားလုံးကိုကူညီပေးနိုင်ခဲ့ပါတယ်" လို့ မိုဒရစ်က ဆိုပါတယ်။ ရီးရဲလ်ဟာ ချန်ပီယံလိဂ်ပွဲစဉ် ၁၆ သင်းအဆင့် ဒုတိယအကျော့ကို မန်စီးတီးနဲ့ အဝေးကွင်းမှာကစားရဖို့ရှိနေပြီး သြဂုတ်လအတွင်းမှာ ကစားရမှာဖြစ်ပါတယ်။ 


Author


က္က