အာသာကတော့ ဘာစီလိုနာကနေ ဂျူဗင်တပ်ကို ပြောင်းခဲ့ပါပြီ။
Kyaw Ko Ko Sint

ရော်နယ်ဒိုနဲ့မက်ဆီနှစ်ဦးကြား ဘယ်သူအကောင်းဆုံးလဲဆိုတဲ့ မေးခွန်းအပေါ်မှာ အာသာကလည်း ပညာသားပါပါ ဖြေကြားသွားခဲ့တာပါ။

ရော်နယ်ဒိုနဲ့ ကစားဖို့ အိပ်မက်မက်နေတဲ့ အာသာတစ်ယောက် အမှန်တကယ် တွဲကစားခွင့်ရသွားပြီ ဖြစ်ပေမယ့် လည်း ကစားဖော်ဟောင်း မက်ဆီကတော့ သမိုင်းမှာ အကောင်းဆုံး ကစားသမားပါပဲလို့ ဂျူဗင်တပ်ကို ပြောင်းရွှေ့ သွားခဲ့တဲ့ အာသာက ထုတ်ဖော်ပြောလာခဲ့ပါတယ်။

အာသာအနေနဲ့ ဘာစီလိုနာကနေ ဂျူဗင်တပ်ကို ပြောင်းသွားတဲ့ အတွက် မက်ဆီနဲ့ ရော်နယ်ဒို နှစ်ဦးစလုံးနဲ့ တွဲ ကစားဖူးတဲ့ အနည်းငယ်သော ကစားတွေစာရင်းမှာ ပါဝင်သွားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

“တကယ့် ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတွေနဲ့ တွဲကစားခွင့်ရဖို့က ကျွန်တော့် အိပ်မက်ပါပဲ။အခု ရော်နယ်ဒိုနဲ့ တွဲ ကစားရတော့မယ့် အခွင့်အရေးက အိပ်မက်အကောင်အထည်ပေါ်လာသလိုပါပဲ။ကမ္ဘာ့အကောင်းဆုံး ကစားသ မားနှစ်ဦးကို ကျွန်တော်အပါအဝင် လူအများက ကိုယ်အမြင်ကိုယ်ပြောနေချိန်မှာ ကျွန်တော့်အနေနဲ့လည်း မက်ဆီ က သမိုင်းမှာ အကောင်းဆုံး ကစားသမားပါပဲ”လို့ အာသာက Goal.com ကိုပြောလာပါတယ်။

ဆက်လက်ပြီးတော့လည်း - “သူက ကျွန်တော့်ကို လေ့ကျင့်ရေးမှာ ကူညီသလို အများကြီးလည်း သင်ပေးပါတယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားက မင်းကို ချီးမွမ်းတဲ့အချိန်မှာ ယုံကြည်မှု ပိုရှိလာမှာပါ။ကျွန်တော်လည်း သူ့ စကားလုံးတိုင်းအတွက် တကယ်ကို ကျေနပ်ပီတိ ဖြစ်ခဲ့ရသူပါ။”လို့ အာသာက ပြောပါသေးတယ်။

အာသာကတော့ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး မနေ့က အသင်းက တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါ တယ်။


Author


က္က