မတူညီတာတွေ ဖန်တီးပေးမယ့် ကစားသမားလို့ ဆာရီက ဆိုထားပါတယ်။
Kyaw Ko Ko Sint

ရော်နယ်ဒိုကတော့ ဂျူဗင်တပ်အသင်းအတွက် ပထမဆုံး ပြန်လည်ကစားခဲ့တဲ့ပွဲမှာပဲ အသင်းအတွက် သွင်းဂိုးတစ်ဂိုး စတင်သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဂျူဗင်တပ် နည်းပြ ဆာရီက အသင်းရဲ့ အဓိက ကစားသမား ရော်နယ်ဒိုရဲ့ ကစားဟန်နဲ့ လိုက်လျောညီ ထွေစွာ လိုက်ပါကစားနိုင်ဖို့ ကျန်ကစားသမားတွေကို မှာကြားခဲ့တယ်လို့ Sportskeeda သတင်းဌာနကဖော်ပြပါတယ်။ ရော်နယ်ဒိုကတော့ မနှစ်က ရီးရဲကနေ ပြောင်းလာတဲ့ ပထမနှစ်မှာပဲ ဂျူဗင်တပ်အတွက် ၂၈ ဂိုးသွင်း ယူပေးနိုင်ခဲ့သလို အသင်းကိုလည်း ၈ နှစ်ဆက် အမှတ်ပေးဖလား ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့သူပါ။



လက်ရှိမှာ အသက် ၃၄ နှစ်အရွယ်ရှိနေပြီ ဖြစ်ပေမယ့်လည်း ၂၀၁၉-၂၀ ဘောလုံးရာသီသစ်အတွက် ရာသီကြို ခြေစမ်းပွဲ ကစးနေတဲ့ ဂျူဗင်တပ်အသင်းအတွက် ပြီးခဲ့တဲ့ စပါးကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ တစ်ဂိုးစတင်သွင်းယူနိုင်ခဲ့ပါတယ်။

နည်းပြဆာရီက ဂျူဗင်တပ်အသင်းရဲ့ ရာသီသစ် အစီအစဉ်နဲ့ ပတ်သက်ပြီး - “ သူက မတူညီတာတွေ လုပ်ဆောင်ပေးမယ့် သူပါ၊ ဒါကြောင့် ကွင်းထဲမှာ အခြား ၁၀ ယောက်က သူနဲ့အတူ လိုက်လျောညီထွေ လိုက်ပါ ကစားနိုင်ဖို့ လိုပါတယ်။ အခု ICC ပွဲတွေမှာလည်း များသောအားဖြင့် သူ ဘယ်ခြမ်းက ကစားပါမယ်။”လို့ ICC သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ရော်နယ်ဒိုအနေနဲ့ ဂျူဗင်တပ်အတွက် စတင်ကစားခဲ့တဲ့ ပထမပွဲမှာပဲ ဂိုးစတင်ရရှိခဲ့တဲ့အတွက် လာမယ့် ပွဲစဉ်တွေနဲ့ ရာသီသစ်မှာလည်း အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပြနိုင်မယ်လို့ ယုံကြည်ထားပြီး အခြားကစားသမားတွေလည်း သူနဲ့ လိုက်လျောညီထွေ ကစားနိုင်ဖို့ ကြိုးစား ပြင်ဆင်ထားသင့်တယ်လို့ ဆာရီက အကြံပြုခဲ့တာလို့ ဆိုပါတယ်။

နည်းပြ ဆာရီကတော့ ဂျူဗင်တပ် နည်းပြသစ် ဖြစ်လာပြီးနောက် အေဂျက်အသင်းက နယ်သာလန်နောက်ခံလူ ဒီလစ်ကို ခေါ်ယူနိုင်ခဲ့သလို အခြားသော ကစားသမားတွေဖြစ်တဲ့ ရမ်ဆေး၊ ရာဘီအို့စ်၊ ဘူဖွန် အစရှိတဲ့ ကစားသမားတွေ အပါအဝင် ကစားသမားသစ် ၆ ဦးကို ခေါ်ယူထားနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က