အသက် ၁၈ နှစ်အရွယ်သာရှိပါသေးတယ်။

၂၀၀၂ ခုနှစ်က ရော်နယ်ဒိုနောက်ပိုင်း ရီးရဲအသင်းအတွက် ပထမဆုံးပွဲမှာ အမြန်ဆုံး ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

ရီးရဲနဲ့ ပထမဆုံး ကစားခွင့်ရတဲ့ အိုဆာဆူနာပွဲမှာ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ လူငယ်ကြယ်ပွင့်ကစား သမားလေး ရိုဒရီဂိုဂို့စ်ကို ဘရာဇီး ဂန္တဝင်ကစားသမားကြီး ရော်နယ်ဒိုနဲ့ ခိုင်းနှိုင်းတင်စားနေကြပါတယ်။



ဒီတင်စားမှုတွေကိုတော့ ရိုဒရီဂိုဂို့စ်က ပြန်လည်ငြင်းပယ်လိုက်ပြီး ဒီလိုခိုင်းနှိုင်းမှုမျိုးကို မလုပ်ပါနဲ့လို့ ပြောဆိုခဲ့ တယ်လို့ Sportskeeda သတင်းဌာနက ဖော်ပြလာပါတယ်။



“ အခုလို စွမ်းဆောင်နိုင်လို့လည်း ကျွန်တော့်ကို ရော်နယ်ဒိုနဲ့ မခိုင်းနိင်းပါနဲ့၊ သူက ဘောလုံးပြိုင်ပွဲရဲ့ အမြဲတမ်း အကောင်းဆုံး ကစားသမားတစ်ဦးပါ။ နောက်ပြီး ကျွန်တော့်နိုင်ငံရဲ့ အထင်ကရလည်း ဖြစ်ပါတယ်။” လို့ ရိုဒရီဂို ဂို့စ်ကပြောပါတယ်။

အသက် ၁၈ နှစ်အရွယ် ရိုဒရီဂိုကတောာ့ ရီးရဲအသင်းအတွက် ပထမဆုံးပွဲထွက်ကစားပြီး အမြန်ဆုံးဂိုးသွင်းယူ နိုင်သူ ဖြစ်လာတာပါ။

အရန်ခုံကနေ ထလာပြီး ဂိုးတစ်ဂိုးသွင်းယူဖို့ ၉၃ စက္ကန့်သာ အချိန်လိုအပ်ခဲ့တာ ဖြစ်ပြီး ဒါဟာ ၂၀၀၂ ခုနှစ်တုန်းက ရီးရဲအတွက် ပထမဆုံးပွဲမှာ ၆၂ မိနစ်အရောက် ဂိုးစတင်သွင်းနိုင်ခဲ့တာပါ။

အခုလို ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဂိုဒရီဂိုကတော့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့ပြီ ဖြစ်ကြောင်းနဲ့ အသင်း အတွက် ဂိုးသွင်းယူပေးနိုင်လို့ ပျော်ရွှင်မိကြောင်း ပြောခဲ့ပါသေးတယ်။

ရီးရဲအသင်းကတော့ လာလီဂါ ၆ ပွဲကစား ၄ ပွဲနိုင် ၂ ပွဲသရေကျပြီး ၁၄ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင် ထားနိုင်ပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က