ရော်နယ်ဒိုကြောင့် ဂျူဗီကထွက်ခွာရမယ်ဆိုတဲ့သတင်းတွေကို တုံ့ပြန်ခဲ့တာပါ။
Pyae Phyo Thein

ဒီဘာလာကတော့ ရော်နယ်ဒို၊ မက်ဆီတို့နဲ့ အသင်းဖော်တွေအဖြစ် တွဲဖက်ကစားခွင့်ရတဲ့ ကစားသမားအနည်းငယ်အနက် တစ်ဦးလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ တွဲဖက်ကစားခွင့်ရရှိတာက တန်ဖိုးရှိတယ်လို့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒီဘာလာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒို ဂျူဗီကို ရောက်ရှိလာခဲ့ပြီးနောက် အသင်းမှာ ပုံမှန်နေရာမရရှိတော့သလို ခြေစွမ်းလည်းမပြနိုင်တော့တဲ့ ဒီဘာလာဟာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့သူ ဖြစ်ပါတယ်။



ရော်နယ်ဒိုကြောင့် ဒီဘာလာ ထွက်ခွာရတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့အပြီးမှာ ဒီဘာလာက ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး အခုလိုပြောဆိုခဲ့တာကြောင့် ကောလာဟလသတင်းတွေကိုလည်း အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ ဂျူဗီကို ပြီးခဲ့တဲ့ရာသီအစကမှ ရောက်ရှိခဲ့ပြီး အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် စီးရီးအေသွင်းဂိုး (၂၁)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးက Sky Italia နဲ့တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ "ရော်နယ်ဒိုနဲ့ တွဲဖက်ကစားရတာက အံ့အားသင့်စရာအတွေ့အကြုံကောင်းတစ်ခုပါ၊ ရော်နယ်ဒို၊ မက်ဆီတို့လို အံ့အားသင့်ဖွယ်ကောင်းတဲ့ ကစားသမားတွေနဲ့ တွဲဖက်ကစားခွင့်ရခဲ့လိ့လည်း ကျွန်တော့်အတွက် အရမ်းတန်ဖိုးရှိခဲ့ပါတယ်၊ တခါတလေမှာ ဒီလိုသတင်းတွေကို ဖြေရှင်းဖို့ စကားလုံးတွေက ခက်ခဲပါတယ်" လို့ ဒီဘာလာက ပြောဆိုခဲ့ပါတယ်။

ဒီဘာလာက သူ့ရဲ့အေးဂျင့်ပြောဆိုခဲ့တဲ့ အသင်းက ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေကိုလည်း ငြင်းဆိုခဲ့ပါသေးတယ်။ ဒီဘာလာရဲ့ အေးဂျင်းလည်းဖြစ်၊ အစ်ကိုလည်းဖြစ်သူက သူ့ရဲ့ညီဟာ တူရင်မှာ မပျော်မရွှင်ဖြစ်နေပြီး နွေရာသီမှာ အသင်းကထွက်ခွာတော့မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

"ကျွန်တော် ဂျူဗီမှာ ဆက်နေချင်ပါတယ်၊ ဒီမှာပဲ ဆက်ကစားချင်တာပါ၊ ဂျူဗီကို ရွေးချယ်ခဲ့တာကလည်း အဲဒါကြောင့်ပါပဲ" လို့ ဒီဘာလာက တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ဒီဘာလာကတော့ ရော်နယ်ဒို၊ မက်ဆီတို့နဲ့ အသင်းဖော်တွေအဖြစ် တွဲဖက်ကစားခွင့်ရတဲ့ ကစားသမားအနည်းငယ်ထဲက တစ်ဦးအဖြစ် ရှိနေခဲ့သူလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က