ပြီးခဲ့တဲ့ရက်အတွင်းကလည်း ဘက်ခမ်းက မက်ဆီကိုပဲ ရွေးချယ်ခဲ့ပါတယ်။
Pyae Phyo Thein

ရွန်နီကတော့ ရော်နယ်ဒိုနဲ့ ယူနိုက်တက်မှာ အသင်းဖော်တွေအဖြစ် အတူတူကစားခဲ့သူတွေဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ၃လုံးနဲ့ ချန်ပီယံလိဂ်ဖလားတစ်လုံးရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့ကြပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်းဝိန်းရွန်နီကလည်း မက်ဆီနဲ့ ရော်နယ်ဒိုတို့နှစ်ဦးမှာ ဘယ်သူက ပိုမိုကောင်းမွန်လဲဆိုတဲ့ အငြင်းပွားနေမှုကို အဆုံးအဖြတ်ပေးခဲ့ပြန်ပြီဖြစ်ပါတယ်။ ရွန်နီက မက်ဆီဟာ မယုံနိုင်ဖွယ်ရာကစားသမားလို့ဆိုရမယ့် ရော်နယ်ဒိုထက် ပိုမိုကောင်းမွန်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ 

ရွန်နီကတော့ ရော်နယ်ဒိုနဲ့ ယူနိုက်တက်မှာ အသင်းဖော်တွေအဖြစ် အတူတူကစားခဲ့သူတွေဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ၃လုံးနဲ့ ချန်ပီယံလိဂ်ဖလားတစ်လုံးရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့ကြပါတယ်။ စုစုပေါင်း ၅ ရာသီကြာ တွဲဖက်ကစားခဲ့ကြတာဖြစ်ပြီးတော့ ယူနိုက်တက်ရဲ့ အဓိကကစားသမားတွေအဖြစ်နဲ့ ရပ်တည်နိုင်ခဲ့ကြပါတယ်။ 

Sunday Times သတင်းစာမှာ ရွန်နီက ရေးသားခဲ့တာဖြစ်ပြီးတော့ "ကျွန်တော်တို့အတူတူစကစားတဲ့အချိန်မှာ ရော်နယ်ဒိုက ဂိုးသွင်းဖို့ကို အာရုံမစိုက်ခဲ့ပါဘူး၊ ဒါပေမယ့် ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားဖြစ်လာချင်တယ်ဆိုတာကို ခင်ဗျားတို့တွေ့မြင်နိုင်ပါတယ်၊ သူက လက်တွေ့လေ့ကျင့်မှုတွေကိုပဲ ပြုလုပ်နေခဲ့သူပါ"

"မယုံကြည်နိုင်စရာ ဂိုးသွင်းရှင်ဖြစ်လာခဲ့ပြီး သူနဲ့မက်ဆီက ကျွန်တော်တို့မြင်တွေ့နေရတဲ့ အကောင်းဆုံးကစားသမား ၂ဦးပါ၊ ဒါပေမယ့် ရော်နယ်ဒိုနဲ့ ရင်းနှီးပေမယ့် ကျွန်တော်ကတော့ မက်ဆီကိုပဲ ရွေးချယ်ချင်ပါတယ်၊ ရော်နယ်ဒိုက ဧရိယာထဲမှာ ကြောက်စရာကောင်းတဲ့ လူသတ်သမားပါပဲ၊ ဒါပေမယ့် မက်ဆီကတော့ ခင်ဗျားကို မသတ်ခင်မှာ အရင်နှိပ်စက်ဦးမယ့်သူပါ"

"မက်ဆီရဲ့ ကစားပုံကိုကြည့်နေရင် ခင်ဗျားဆီမှာ အထင်ကြီးမှုတွေဝင်လာပြီးတော့ သူကစားတာကို ကြည့်နေရတာကို ပိုပြီးတော့ ကျေနပ်နှစ်သိမ့်နေပါလိမ့်မယ်၊ သူတို့နှစ်ဦးစလုံးက သွင်းဂိုးတွေနဲ့ ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့သူတွေပါပဲ၊ သူတို့နှစ်ဦးက ဘယ်တော့မှ တူညီလိမ့်မယ်လို့လည်း ကျွန်တော်မထင်ဘူး" လို့ ရွန်နီက ပြောဆိုခဲ့ပါတယ်။ 


က္က