ရီးရဲလ်ကစားသမားဘဝနောက်ဆုံးကာလတွေမှာ ရော်နယ်ဒို နဲ့ ပီရက်ဇ်တို့ကြား ဆက်ဆံရေးဆိုးဝါးမှုတွေ ရှိခဲ့တယ်လို့ သတင်းထွက်ခဲ့ပြီးနောက် ရော်နယ်ဒိုဟာ အသင်းကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဌ ဖလော်ရင်တီနိုပီရက်ဇ်က အသင်းရဲ့ တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး အကြီးမားဆုံးဝန်ခံမှုတစ်ခုကို ပြုလုပ်သွားခဲ့ပါတယ်။ ပီရက်ဇ်က သူ ခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲမှာ ရော်နယ်ဒိုက အကောင်းဆုံးကစားသမားလို့ ချီးကျူးခဲ့တာဖြစ်ပြီး မှန်ကန်တဲ့ ဝယ်ယူမှုတစ်ခုဖြစ်တယ်လို့ ညွှန်းဆိုခဲ့ပါတယ်။
ရော်နယ်ဒိုကတော့ ရီးရဲလ်မက်ဒရစ်မှာ (၉)နှစ်ကြာ ကစားခဲ့တဲ့ တိုက်စစ်မှူးဖြစ်ပြီး ရီးရဲလ်အတွက် ပွဲပေါင်း (၄၃၈)ပွဲအထိ ကစားပေးခဲ့ကာ (၄၅၁)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ လာလီဂါအမှတ်ပေးဖလား (၂)ကြိမ်၊ ကိုပါဒယ်ရေးဖလား (၂)ကြိမ် နဲ့ ချန်ပီယံလိင်္ဂဖလား (၄)ကြိမ်အထိ ရီးရဲလ်နဲ့အတူ ရရှိကာ အောင်မြင်မှုအများအပြား ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အသက် (၃၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီမှာ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့သွားခဲ့ပြီး ဘာနေဗျူးကို စွန့်ခွာခဲ့ပါတယ်။ ရီးရဲလ်ကစားသမားဘဝနောက်ဆုံးကာလတွေမှာ ရော်နယ်ဒို နဲ့ ပီရက်ဇ်တို့ကြား ဆက်ဆံရေးဆိုးဝါးမှုတွေ ရှိခဲ့တယ်လို့ သတင်းထွက်ခဲ့ပြီးနောက် ရော်နယ်ဒိုဟာ အသင်းကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။
"သူက စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ချင်လို့ အသင်းက ထွက်ခွာဖို့ စဉ်းစားခဲ့ပြီးပြိလို့ ကျွန်တော်ထင်ပါတယ်၊ ရီးရဲလ်မှာ ကစားခဲ့တဲ့ (၉)နှစ်အတွင်းမှာ သူက ဘာပြသနာမှ မဖန်တီးခဲ့ပါဘူး၊ ရီးရဲလ်အတွက် ကျွန်တော်ခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲမှာ သူက အကောင်းဆုံးကစားသမားလို့ ကျွန်တော်ထင်ပါတယ်၊ သူနဲ့ကျွန်တော့်ကြားမှာ ဆက်ဆံရေးကောင်းတွေ အများကြီးရှိခဲ့ပါတယ်" လို့ ပီရက်ဇ်က ပြောခဲ့တယ်လို့ Spanish Radio နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပီရက်ဇ်က ပြန်လည်ဖြေကြားခဲ့ပါတယ်။
"ကျွန်တော်တို့ ဘာပြသနာမှမရှိခဲ့ပါဘူး၊ သူ့ရဲ့ အခွန်ပြသနာနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ ဘယ်တုန်းကမှ မပြောဆိုခဲ့ကြပါဘူး" လို့ ပီရက်ဇ်က အသင်းတိုက်စစ်မှူးဟောင်းနဲ့ သူ့ကြားမှာ ဘာပြသနာမှမရှိခဲ့ဘူးလို့လည်း ပြောခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ရီးရဲလ်ကစားသမားဘဝမှာ ဘလွန်းဒီအောဆုကို (၄)ကြိမ်အထိ ဆွတ်ခူးခဲ့သူ ဖြစ်ပါတယ်။