loading...

loading...

loading...

ရော်နယ်ဒိုလို စွမ်းဆောင်ရည်မျိုး အသင်းသားတိုင်းဆီက ရရှိဖို့လိုအပ်တယ်လို့ ပြောခဲ့တာပါ။
Pyae Phyo Thein

နှစ်ကျော့စလုံးမှာ ရော်နယ်ဒိုက ဂျူဗီအတွက် ဂိုးတွေသွင်းပေးခဲ့ပေမယ့်လည်း ဆီမီးဖိုင်နယ်ကို တက်ရောက်ဖို့တော့ မလုံလောက်ခဲ့ပါဘူး။

ဂျူဗင်တပ်စ်အသင်းရဲ့ နည်းပြ အယ်လီဂရီက အေဂျက်ဇ်ကို အရေးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရအပြီးမှာ ရော်နယ်ဒိုက အသင်းအတွက် အကောင်းဆုံးပေးဆပ်ကစားခဲ့တယ်လို့ ချီးကျူးသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုတစ်ဦးတည်းဆီက ရရှိဖို့ထက် အခြားကစားသမားတွေဆီက ရရှိဖို့ လိုအပ်ခဲ့တယ်လို့လည်း ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။

အီတလီထိပ်သီးအသင်းဟာ နှစ်ကျော့ပေါင်းရလဒ် (၃-၂) နဲ့ အေဂျက်ဇ်ကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အဝေးကွင်းမှာ တစ်ဂိုးစီသရေကျခဲ့ပေမယ့် တူရင်မှာ အေဂျက်ဇ်က (၂-၁)နဲ့ အနိုင်ယူကာ ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ နှစ်ကျော့စလုံးမှာ ရော်နယ်ဒိုက ဂျူဗီအတွက် ဂိုးတွေသွင်းပေးခဲ့ပေမယ့်လည်း ဆီမီးဖိုင်နယ်ကို တက်ရောက်ဖို့တော့ မလုံလောက်ခဲ့ပါဘူး။

ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာတော့ အယ်လီဂရီက ရော်နယ်ဒိုက အရာရာတိုင်းကို ဖြေရှင်းနိုင်တယ်လို့ ခံစားမိခဲ့လားဆိုတဲ့ မေးခွန်းကို "မဟုတ်ပါဘူး၊ ဒါက လုံးဝမဟုတ်ပါဘူး၊ ရော်နယ်ဒိုက အသင်းအတွက် သူ့မှာရှိသမှျှအကုန်ပေးဆပ်သွားခဲ့တာပါ၊ ဒါပေမယ့် ကွာတားဖိုင်နယ်ကို ရောက်ရှိလာပြီဆိုရင် ကစားသမားတိုင်းဆီက ရော်နယ်ဒိုလို စွမ်းဆောင်ရည်မျိုးလိုအပ်ပါတယ်" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

"ကျွန်တော် အမြဲတမ်းပြောခဲ့ဖူးတယ်၊ ချန်ပီယံလိဂ်ဖလားကို ရယူချင်တယ်ဆိုရင် ကောင်းမွန်တဲ့ ပုံစံ၊ ကြံ့ခိုင်မှုအမြင့်မားဆုံးအနေအထားမှာ ရှိနေရမယ်လို့ပေါ့၊ ကျွန်တော်တို့မှာ အရေးပေါ်အနေအထားမျိုး နည်းနည်းဖြစ်ပွားခဲ့ပြီးတော့ ဒုက္ခနည်းနည်းရောက်ခဲ့ပါတယ်၊ ဒီနေ့ညမှာဆိုရင် ကစားသမား လေးငါးဦးလောက်ကို လက်လွှတ်ခဲ့ရပါတယ်"

"ရူဂါနီ၊ ဘိုနူချီကတို့က မိနစ် (၅၀) ဒါမှမဟုတ် အဲဒီထက်ပိုပြီးတော့ ကောင်းအောင်ကစားနိုင်ခဲ့တာပါ၊ ဒါပေမယ့် ကျွန်တေ်ာတို့ စုစည်းမှုအပိုင်းမှာ အရေးနိမ့်ခဲ့ပြီး အေဂျက်ဇ်ကို အခွင့်ကောင်းတွေ ပေးခဲ့ရပါတယ်၊ လာမယ့်ရက်တွေအတွင်း ကျွန်တော် ဥက္ကဌနဲ့ တွေ့ဆုံသွားမှာပါ၊ အသင်းမှာ ကျွန်တော်ဆက်ရှိနေပြီးအနာဂတ်အတွက် ဆွေးနွေးသွားပါမယ်" လို့ အယ်လီဂရီက ပြောဆိုခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က