ရဂိုး ၃၄ ဂိုးအထိ လာလီဂါမှာ ရယူထားနိုင်ပါတယ်။
Kyaw Ko Ko Sint

ကိုင်လီဘတ်ပေက သွင်းဂိုး ၃၀ ရမှတ် ၆၀ နဲ့ မက်ဆီကို အနီးကပ် ဖိအားပေးနေပြီး မက်ဆီကတော့ ဒီနှစ်မှာ ဆုထပ်မံ ရခဲ့မယ်ဆိုရင် ပထမဆုံး ၃ နှစ်ဆက်ရတဲ့ကစားသမား ဖြစ်လာတော့ပါ။

ဥရောပ ရွှေဖိနပ်ဆုအတွက် ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး မက်ဆီက ရမှတ် ၆၈ မှတ်နဲ့ ဦးဆောင်နေတယ်လို့ Sportskeeda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ မက်ဆီအနေနဲ့ ဥရောပ ရွှေဖိနပ်ဆုကို နောက်ဆုံး ၂ ရာသီဆက် ရယူထားနိုင်သူလည်း ဖြစ်ပြီး ဒီရာသီမှာလည်း သွင်းဂိုး ၃၄ ဂိုး၊ရမှတ် ၆၈ မှတ်နဲ့ ထိပ်ဆုံးက ဆက်လက်ဦးဆောင်နေတာပါ။ ဒီဆုကတော့ ပြည်တွင်း အမှတ်ပေးပြိုင်ပွဲမှာ သွင်းယူတဲ့ဂိုးတွေကို တွက်ချက်ဖော်ပြခြင်းဖြစ်ပြီး မက်ဆီကို အနီး ကပ်ပြိုင်ဆိုင်နေတာကတော့ ပြင်သစ်လိဂ်ကလပ် ပီအက်စ်ဂျီက ကိုင်လီဘတ်ပေပဲ ဖြစ်ပါတယ်။



သူကတော့ သွင်းဂိုး ၃၀ ဂိုးနဲ့ ရမှတ် ၆၀ ရရှိကာ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး လက်ကျန် ၂ ပွဲအလိုမှာ မက်ဆီကို အဓိက ဖိအားပေးနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ အဆင့် ၃ နေရာမှာတော့ ဆမ်ဒိုရီးယားအသင်က ဝါရင့် တိုက်စစ်မှူး ကွာဂလီရယ်လာက ရဂိုး ၂၃ ဂိုး၊ရမှတ် ၄၆ မှတ်နဲ့လည်းကောင်း၊အဆင့် ၄ နေရာမှာတော့ ဆာလာက ရဂိုး ၂၁ ဂိုး၊ရမှတ် ၄၂ မှတ်နဲ့လည်းကောင်း၊အဆင့် ၅ နေရာမှာတော့ လီဝန်ဒေါစကီးက ရဂိုး ၂၁ ဂိုး ရမှတ် ၄၂ မှတ်နဲ့ပင် အသီးသီး ရပ်တည်နေတာပါ။

ဒီဆုကိုတော့ ဥရောပ ထိပ်သီးလိဂ် ၅ ခုက ကစားသမားတွေရဲ့ ပြည်တွင်းလိဂ် သွင်းဂိုးတွေကို တွက်ချက်ပြီး ပေး အပ်တာ ဖြစ်ပြီး ကစားသမားတွေအနေနဲ့ သွင်းဂိုးအရေအတွက် တူညီနေခဲ့ပါက သူတို့ရဲ့ ဂိုးဖန်တီးမှု အရေအ တွက်ကို ထပ်မံနှိုင်းယှဉ်တွက်ချက်ပေးတာပဲ ဖြစ်ပါတယ်။ ဆုအများဆုံး ရရှိထားတဲ့ ကစားသမားကတော့ မက်ဆီဖြစ်ပြီး စုစုပေါင်း ၅ ကြိမ်အထိ ဆွတ်ခူးထားကာ ဂျူဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုက ၄ ကြိမ်ထိ ဆွတ်ခူးထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က