ဒီရာသီ ယူရိုပါလိဂ်မှာ ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။
Kyaw Ko Ko Sint

ဆလားဗီးယား ပရာဂါကို အနိုင်ယူခဲ့တဲ့ပွဲမှာ အသင်းအတွက် တစ်ဂိုးသွင်းပေးခဲ့တဲ့ ဂီရော့ဒ်ဟာ ဒီရာသီ ဥရောပ အဆင့် ပြိုင်ပွဲမှာ မက်ဆီပြီးရင် ၁၀ ဂိုးထိသွင်းယူနိုင်တဲ့ နောက်ထပ် ကစားသမား ဖြစ်လာခဲ့ပါတယ်။

မနက်က ကစားခဲ့တဲ့ ဆလားဗီယား ပရာဂါနဲ့ပွဲမှာ ၄-၃ ဂိုးနဲ့ အနိုင်ရပြီးနောက် ချဲလ်ဆီးအသင်း တိုက်စစ်မှူး ဂီ ရော့ဒ်ဟာ ဥရောပအဆင့်ပြိုင်ပွဲမှာ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ Sportskeeda သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂီရော့ဒ်ဟာ အဆိုပါပွဲမှာ တစ်ဂိုးသွင်းပြီး တစ်ရာသီအတွင်း ဥ ရောပအဆင့် ပြိုင်ပွဲမှာ ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီလို့ သိရပါတယ်။

ဒီလိုမျိုး ဥရောပအဆင့် ပြိုင်ပွဲတစ်ခုမှာ တစ်ရာသီအတွင်း ၁၀ ဂိုးပြည့်အောင် သွင်းထားနိုင်သူက ဒီနှစ် ၂၀၁၈-၁၉ ဘောလုံးရာသီမှာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ တစ်ဦးတည်းသာရှိနေတာကြောင့် ဂီရော့ဒ်အနေနဲ့ မက်ဆီကို ပုခုံးချင် ယှဉ်နိုင်ခဲ့ပြီလို့ ဆိုရမှာပါ။ မက်ဆီအနေနဲ့ လက်ရှိ လာလီဂါနဲ့ ဥရောပ ချန်ပီယံလိဂ်မှာ ဂိုးသွင်း ဘုရင်အဖြစ် ဦးဆောင်နေပေမယ့်လည်း ဂီရော့ဒ်ကတော့ နည်းပြဆာရီ လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေသူပါ။

ဒါပေမယ့် ဥရောပ အဆင့် ပြိုင်ပွဲတွေမှာတော့ ဂီရော့ဒ်ကို ဆာရီက အခွင့်အရေးပေးနေပြီး ဂီရော့ဒ်ကလည်း အခု လို သွင်းဂိုးတွေနဲ့ သက်သေပြနေသူဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုလို သွင်းဂိုး ၁၀ ဂိုးပြည့်ခဲ့တာဟာ ချဲလ်ဆီးအသင်းသမိုင်းတစ်လျှောက် ပထမဆုံး ကစားသ မားလည်း ဖြစ်လာခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဒီနှစ်ဥရောပအဆင့် ဘောလုံးပြိုင်ပွဲမှာ တစ်ရာသီအတွင်း ၁၀ ဂိုး အထိသွင်းယူနိုင်တာ မက်ဆီနဲ့ ဂီရော့ဒ်တို့ နှစ်ဦးသာ ရှိနေပါတော့တယ်။ မက်ဆီရဲ့ ဘာစီလိုနာကတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ လီဗာပူးနဲ့ ကစားရမှာ ဖြစ်ပြီး ဂီရော့ဒ်ရဲ့ ချဲလ်ဆီး ကတော့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ ဖရန့်ဖတ်နဲ့ ကစားရပါမယ်။


ဆက်စပ်အကြောင်းအရာများ


က္က