ပြည်တွင်းနဲ့ ဥရောပမှာ ခြေစွမ်းပြခဲ့ပြီးနောက် တန်ဖိုးမြင့်တက်ခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်အဆင့် (၂)နေရာ ရရှိခဲ့တဲ့ လီဗာပူးလ်အသင်းဟာ ဥရောပမှာ ကစားသမားတန်ဖိုးအကြီးမားဆုံးစာရင်းမှာ အဆင့် (၂)နေရာ ရပ်တည်နိုင်ခဲ့ပါတယ်။


ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်အဆင့် (၂)နေရာ ရရှိခဲ့တဲ့ လီဗာပူးလ်အသင်းဟာ ဥရောပမှာ ကစားသမားတန်ဖိုးအကြီးမားဆုံးစာရင်းမှာ အဆင့် (၂)နေရာ ရပ်တည်နိုင်ခဲ့တယ်လို့ Express က ဖော်ပြခဲ့ပါတယ်။ အထင်ကြီးဖွယ်စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပြီးနောက်မှာ လီဗာပူးလ်ကစားသမားတစ်ဦးချင်းစီရဲ့ တန်ဖိုးက တိုးတက်လာခဲ့တာလည်း ဖြစ်ပါတယ်။



ကော်တင်ဟိုကို ပေါင်သန်း (၁၄၀)နဲ့ ဘာစီလိုနာကို ရောင်းချခဲ့ပြီး အယ်လစ်ဆန် နဲ့ ဗန်ဒိုက်တို့ကို အဓိကခေါ်ယူမှုပြုလုပ်ခဲ့ပြီးနောက် လီဗာပူးလ်ရဲ့ ခြေစွမ်းက သိသိသာသာတိုးတက်လာခဲ့ပြီး ထိပ်သီးအသင်းတစ်သင်းရဲ့ အင်္ဂါရပ်တွေနဲ့ ညီညွှတ်မျှတနေခဲ့ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နှစ်နှစ်ဆက်တိုက်တက်ရောက်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ဆုဖလားကိုလည်း ရာသီနောက်ဆုံးပွဲအထိ စိန်ခေါ်နိုင်ခဲ့ပါတယ်။

Transfermarket.com ရဲ့ ဖော်ပြချက်အရ လီဗာပူးလ်ကစားသမားစုစုပေါင်းရဲ့ တန်ဖိုးဟာ ပေါင်(၁)ဘီလီယံအထိ ရှိနေခဲ့ပြီး ထိပ်ဆုံးကရပ်တည်နေခဲ့တဲ့ မန်စီးတီးအသင်းက ပေါင် (၁.၀၅)ဘီလီယံရှိနေခဲ့ကာ သူတို့နှစ်သင်းကြားမှာ (.၀၅)ဘီလီယံသာ ကွာဟတော့တာဖြစ်ပါတယ်။ ကစားသမားတန်ဖိုးသိသိသာသာတိုးတက်ခဲ့တဲ့ အသင်းအဖြစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ရောက်ရှိခဲ့တဲ့ စပါးအသင်းကို တွေ့ရှိမှာဖြစ်ပြီး ရီးရဲလ်နဲ့ ယူနိုက်တက်တို့ထက် သာလွန်တဲ့အဆင့်မှာ ရပ်တည်နိုင်ခဲ့ပါတယ်။

စပါးကစားသမားစုစုပေါင်းရဲ့တန်ဖိုးဟာ ပေါင် (၇၉၃.၃၅)သန်း ရှိခဲ့ပြီး အဆင့် (၇)နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်က ပေါင် (၇၈၄.၂၈)သန်း၊ မန်ချက်စတာယူနိုက်တက်အသင်းက ပေါင်(၇၀၆.၂၈)သန်းနဲ့ အဆင့် (၈) နဲ့ (၉)နေရာတွေမှာ အစဉ်လိုက်ရပ်တည်ခဲ့ကြပြီး ရှိနေခဲ့ကြပါတယ်။

ထိပ်ဆုံး (၅)သင်းစာရင်းမှာ မန်စီးတီး၊ လီဗာပူးလ်တို့ပြီးနောက် ဘာစီလိုနာက ပေါင် (၉၅၈.၉၅) သန်းနဲ့ တတိယနေရာ၊ ချယ်လ်ဆီးက ပေါင် (၈၆၁.၉၈)သန်းနဲ့ စတုတ္ထနေရာ၊ အက်သလက်တီကိုမက်ဒရစ်က ပေါင် (၈၄၀.၆)သန်းနဲ့ ပဉ္စမနေရာတွေမှာ ရှိနေခဲ့ကြပါတယ်။ နေမာကို ပိုင်ဆိုင်ထားတဲ့ ပီအက်စ်ဂျီက အဆင့်(၆)နေရာမှာ ပေါင် (၈၃၀.၀၃)သန်းနဲ့ ရှိနေခဲ့ပြီး အဆင့် (၁၀)နေရာမှာတော့ ဘိုင်ယန်မြူးနစ်က ပေါင် (၆၇၆.၃၅)သန်းနဲ့ ရပ်တည်နေခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က