ရီးရဲလ်အသင်းအနေနဲ့ ယူရို ၃ဒဿမ၂၂၄ ဘီလျံနဲ့အတူ တန်ဖိုးအရှိဆုံးအသင်းအဖြစ်ရပ်တည်နေခဲ့တာပါ။

၂၀၂၀ ခုနှစ်အတွင်း ရွေးချယ်သတ်မှတ်ခဲ့တာဖြစ်ပြီး ထိပ်ဆုံး ၁ဝသင်းအတွင်း ပရီးမီးယားလိဂ်အသင်းအများစု လည်း ပါဝင်လာခဲ့ပါတယ်။

ရီးရဲလ်အသင်းအနေနဲ့ ၂၀၁၈-၁၉ ဘောလုံးရာသီတွင် ရလဒ်ကောင်းရဖို့ ရုန်းကန်ခဲ့ရပေမယ့် ဘဏ္ဍာရေးအရပိုမို တိုးတက်အောင်စီမံနိုင်ခြင်းများကြောင့် ၂၀၂၀ ခုနှစ်ရဲ့ တန်ဖိုးအရှိဆုံးအသင်းအဖြစ် ဆက်လက်သတ်မှတ်ခံခဲ့ရ ကြောင်း as.com ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ သတ်မှတ်မှုတွင်လည်း ရီးရဲလ်အသင်းက ထိပ်ဆုံးနေရာက ဦးဆောင်နိုင်ခဲ့ပြီး ဘာစီလိုနာ၊ မန်ချက် စတာယူနိုက်တက်၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီး၊ ချဲလ်ဆီး၊ အာဆင်နယ်၊ လီဗာပူး၊ စပါး၊ ဂျူဗင်တပ်အသင်းတို့က အစဉ်လိုက်အသီးသီးရပ်တည်နိုင်ခဲ့တာပါ။



၂၀၂၀ ခုနှစ်အတွက် ထုတ်ပြန်မှုတွင် အဆင့်-၁နေရာအတွက် အပြောင်းအလဲမရှိခဲ့ပေမယ့် ထိပ်ဆုံး ၃သင်းနေရာ ကတော့ အပြောင်းအလဲရှိခဲ့ပြီး ဘာစီလိုနာအသင်းရဲ့ အဆင့်-၂နေရာကို မန်ချက်စတာယူနိုက်တက်က လွှဲပြော င်းရယူခဲ့ပြီး ဂျာမနီကလပ်ဘိုင်ယန်မြူးနစ်အသင်းကတော့ အဆင့်-၃နေရာကို ရောက်ရှိလာခဲ့ပါတယ်။

ရီးရဲလ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ၁၂လတာကာလအတွင်း အသင်းပုံရိပ်၊ ဘဏ္ဍာရေးအပါအဝင်အဖက်ဖက်မှာ ၈ ရာ ခိုင်နှုန်းအထိ တိုးတက်မှုများရှိခဲ့ပြီး အတိုးတက်တက်ဆုံးက ဘိုင်ယန်မြူးနစ်ဖြစ်ခဲ့သလို ဘာစီလိုနာအသင်းကေ တာ့ ဝင်ငွေပိုင်းအနည်းငယ်ကျဆင်းခဲ့ခြင်းနဲ့အတူ ကစားသမားအချို့ကို စျေးကြီးပေးဝယ်ခဲ့ခြင်းများကြောင့် အခု လိုတန်ဖိုးကျဆင်းခဲ့ရခြင်းဖြစ်တယ်လို့ သတင်းဖော်ပြမှုတွေအရ သိရပါတယ်။

Footballbenchmark.com ရဲ့ဖော်ပြချက်အရ ထိပ်ဆုံး ၁ဝသင်းစာရင်းအတွင်း စပါး၊ ချဲလ်ဆီး၊ အာဆင်နယ်၊ လီဗာပူး၊ မန်စီးတီးတို့ အားလုံးပါဝင်ခဲ့ပေမယ့် ဝင်ငွေ၊ ပရိသတ်အားပေးမှုတွေကို အခြေခံပြီး အဆင့်ရပ်တည်မှုအ ချို့အပြောင်းအလဲဖြစ်ပေါ်ခဲ့တယ်လို့ အတိအကျဖော်ပြထားပါတယ်။



က္က