၃ နှစ်ဆက် ရရှိခဲ့တာပါ။
Kg Htet

ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ပီအက်စ်ဂျီကြယ်ပွင့် ဘတ်ပီထက် ၃ ဂိုးအသာ သွင်းဂိုး ၃၆ ဂိုးနဲ့ ဥရောပရွှေဖိနပ်ဆုကို ၃ နှစ်ဆက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

လီယွန်နယ်မက်ဆီဟာ ယခုရာသီလာလီဂါမှာ စုစုပေါင်းသွင်းဂိုး ၃၆ ဂိုးနဲ့ ဥရောပရွှေဖိနပ်ဆုကို ၆ ကြိမ်မြောက် ရရှိခဲ့တာဖြစ်ပြီး သောကြာနေ့မှာ ပီအက်စ်ဂျီအသင်းရဲ့ရာသီပိတ်ပွဲစဉ်မှာ ပါဝင်ကစားပေးခဲ့တဲ့ ဘတ်ပီထက် သွင်းဂိုး ၃ ဂိုးအသာနဲ့ ရရှိခဲ့တယ်လို့ Marca ရဲ့သတင်းအရ သိရပါတယ်။



ဥရောပရွှေဖိနပ်ဆုကို ၆ ကြိမ်မြောက်ရရှိခဲ့တဲ့မက်ဆီဟာ အဓိကပြိုင်ဘက်ဖြစ်တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုထက် ၂ ကြိမ် အသာစီးရရှိခဲ့ပြီဖြစ်ပြီး ဥရောပရွှေဖိနပ်ဆုကို လာလီဂါက ကစားသမားတွေက ၁၁ နှစ်ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ စပိန်အသင်းအတွက် ကစားပေးခဲ့တာမဟုတ်ဘဲ ဥရောပရွှေဖိနပ်ဆုကို နောက်ဆုံးရရှိခဲ့တဲ့ ကစားသမားဖြစ်ပြီး ၂၀၀၇-၂၀၀၈ ရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၃၁ ဂိုးသွင်းယူပြီး ရရှိခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ ဥရောပရွှေဖိနပ်ဆုကို ရရှိခဲ့တဲ့ ဒုတိယမြောက် အသက်အကြီးဆုံး ကစားသမားဖြစ်လာခဲ့ပြီး ၁၉၉၀ ခုနှစ်မှ ဟူဂိုဆန်းချက်ဇ်ဟာ အသက် ၃၂ နှစ် ၂၆ ရက်နဲ့ ဥရောပရွှေဖိနပ်ဆုကို ရရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က