ဧပြီပထမပတ်အတွင်း လိဂ်ပွဲစဉ်တွေပြန်လည်ကျင်းပကြဖို့ မျှော်လင့်နေကြတာပါ။
Win Kyaw Min

အီတလီ၊ စပိန်၊ ပြင်သစ်၊ ဂျာမနီနိုင်ငံများအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုနှုန်းမြင့်တက်နေဆဲဖြစ်ပြီး သက် ဆိုင်ရာအမှတ်ပေးလိဂ်အားလုံးကို ထပ်မံရက်ရွှေ့ဆိုင်းရဖို့ရှိနေတာ လည်းဖြစ်ပါတယ်။

ဧပြီလပထမပတ်အထိ ရွှေ့ဆိုင်းထားကြတဲ့ ဥရောပထိပ်တန်းအမှတ်ပေးလိဂ်တွေအနေနဲ့ လက်ရှိအခြေအနေအ ရ ထပ်ပြီးရက်ရွှေ့ရမယ့်အခြေအနေကို ရင်ဆိုင်နေရပြီး မေလအတွင်းရောက်မှသာ ပုံမှန်အတိုင်းပြန်လည်ကျင်း ပပေးနိုင်ဖွယ်ရှိနေတယ်လို့ marca.com ရဲ့ဖော်ပြချက်အရ သိရပါတယ်။

လက်ရှိမှာ အင်္ဂလန်ပရီးမီးယားလိဂ်၊ အီတလီစီးရီးအေ၊ စပိန်လာလီဂါ၊ ဂျာမနီဘွန်ဒက်စ်လီဂါ၊ ပြင်သစ်လီဂူးအစ ရှိတဲ့ ဥရောပထိပ်တန်းအမှတ်ပေးလိဂ်အားလုံး ပွဲစဉ်တွေရွှေ့ဆိုင်းထားပြီး ဧပြီလအစောပိုင်းရောက်မှသာပြန်လ ည်ကျင်းပနိုင်မယ်လို့ အတည်ပြုကြေညာထားခဲ့တာပါ။



“ ပွဲတွေပြန်လည်ကျင်းပနိုင်ဖို့က ကူးစက်ပျံ့ပွားမှုနှုန်းအပေါ် မူတည်နေပါတယ်။ ပရိသတ်တွေအားလုံးကွင်းထဲပြ န်ရောက်လာဖို့က ရောဂါကို ထိန်းချုပ်နိုင်မှုက အဓိကကျပါတယ်။ ဒါပေမဲ့ အတိအကျဆုံးပြောရမယ်ဆိုရင် အမှ တ်ပေးလိဂ်တွေအားလုံးထပ်ပြီး ရက်ရွှေ့ရနိုင်တယ်လို့ထင်ပါတယ်။ မေလအတွင်းရောက်မှ ပြန်ပြီးကျင်းပနိုင်ခြေ ရှိနေပါတယ် ” လို့ စပိန်လာလီဂါဥက္ကဋ္ဌဂျာဗီယာတာဗက်စ်က အတည်ပြုပြောဆိုလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်အစပြုခဲ့တဲ့ တရုတ်နိုင်ငံအတွင်းမှာတော့ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်လို့ စူပါလိဂ်ပွဲ စဉ်တွေပြန်ကျင်းပဖို့ ညှိနှိုင်းမှုတွေပြုလုပ်နေပြီဖြစ်ပေမယ့် ဥရောပနိုင်ငံတွေမှာ အခက်အခဲများစွာနဲ့ရင်ဆိုင်နေရ ပြီး ရောဂါကူးစက်ခံရမှုနှုန်းအမြင့်ဆုံးဖြစ်နေတဲ့ အီတလီနိုင်ငံအနေနဲ့ စီးရီးအေပွဲစဉ်တွေကို ပြန်လည်ကျင်းပနိုင်ဖို့ မသေချာတဲ့အခြေအနေကို ရင်ဆိုင်နေရပြီလည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ထိပ်တန်းအမှတ်ပေးလိဂ်များတွင် အင်္ဂလန်ပရီးမီးယားလိဂ်နဲ့ ဂျာမနီဘွန်ဒက်စ်လီဂါတို့က အစောဆုံးပြန်လည်ပနိုင်ခြေအများဖြစ်တယ်လို့ သုံးသပ်မှုများရှိနေခဲ့ပြီး စံချိန်တင်သေဆုံးမှုနှုန်းမြင့်တက်နေတဲ့ အီတလီနဲ့ စပိန်၊ ပြင်သစ်တို့ကတော့ ပွဲစဉ်အချို့ကို ထပ်မံရက်ရွှေ့ဆိုင်းရမယ့် အခြေအနေမှာရှိနေတယ်လို့ သ တင်းဖော်ပြမှုအချို့လည်းရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က