စီးရီးအေအဖွင့်ပွဲမှာ ဂိုးသွင်းပြီးနောက် ဒီမှတ်တမ်းကို ရရှိခဲ့တာပါ။
Pyae Phyo Thein

ပြီးခဲ့တဲ့ရာသိီကလည်း ဂျူဗီအတွက် လိဂ်ဂိုး ၃၁ ဂိုးအထိ ရော်နယ်ဒိုက သွင်းယူပေးနိုင်ခဲ့ပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ၂ရာသီဆက်တိုက် ရပ်တည်နိုင်ခဲ့ပါတယ်။


ဆမ်ဒိုရီးယားနဲ့ ကစားခဲ့တဲ့ စီးရီးအေအဖွင့်ပွဲမှာ ဂျူဗင်တပ်စ်အတွက် ပွဲသိမ်းဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် ရော်နယ်ဒိုဟာ ဥရောပထိပ်တန်းလိဂ်တွေမှာ ၁၉ ရာသီဆက်တိုက် ဂိုးသွင်းနိုင်တဲ့ စံချိိန်ကို ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။ နည်းပြသစ်ပီယာလိုလက်ထက်မှာ ရော်နယ်ဒိုက ရာသီသစ်အဖွင့်ပွဲမှာပဲ သွင်းဂိုးရယူခဲ့တာဖြစ်ပြီး နိုင်ပွဲနဲ့အတူ စတင်နိုင်ခဲ့ပါတယ်။ 

အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးကြီးဟာ ပေါ်တူဂီအသင်းနဲ့အတူ နေးရှင်းလိဂ်ပွဲတွေကို ပါဝင်ကစားပေးခဲ့ပြီး နိုင်ငံတကာသွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပြီးဖြစ်ပါတယ်။ ထိပ်တန်းအဆင့်မှာ ကစားနေနိုင်ဆဲလို့ ထုတ်ဖော်ပြောဆိုထားတဲ့ ရော်နယ်ဒိုဟာ သူ့ရဲ့စကားအတိုင်းပဲ သွင်းဂိုးတွေနဲ့ သက်သေပြခဲ့ပြီး ရမ်ဆေးရဲ့ ဖန်တီးပေးပို့မှုကို ညာခြေနဲ့ ကန်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ 

ရော်နယ်ဒိုဟာ ၂၀၀၂-၀၃ ဘောလုံးရာသီကစတင်ကာ ထိပ်တန်းလိဂ်တွေမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး မန်ချက်စတာယူနို်က်တက်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်တို့မှာလည်း ရာသီတိုင်းဂိုးသွင်းယူနို်င်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသိီကလည်း ဂျူဗီအတွက် လိဂ်ဂိုး ၃၁ ဂိုးအထိ ရော်နယ်ဒိုက သွင်းယူပေးနိုင်ခဲ့ပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ၂ရာသီဆက်တိုက် ရပ်တည်နိုင်ခဲ့ပါတယ်။

ဂျူဗီနည်းပြ ပီယာလိုကတော့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ရော်နယ်ဒိုကို အနားပေးဖို့အတွက်စဉ်းစားထားတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့အဓိကကစားသမားကို အရေးကြီးတဲ့ပွဲစဉ်တွေမှာ ကြံ့ခိုင်မှုအပြည့်နဲ့ အသုံးပြုနိုင်ဖို့ အနားပေးဖို့ စဉ်းစားထားတာဖြစ်ကြောင်း ပီယာလိုက ဝန်ခံခဲ့ပြီး ရော်နယ်ဒိုအနေနဲ့ ဒီရာသီမှာ ပွဲအနည်းငယ်ကိုတော့ လွဲချော်ဖွယ်ရှိနေပြီလို့ Goal.com က ဖော်ပြခဲ့ပါတယ်။ 


Author


က္က