loading...

loading...

loading...

ဒီရာသီချန်ပီယံလိဂ်မှာ ရှုံးပွဲမရှိ စွမ်းဆောင်ထားတာ ဖြစ်ပါတယ်။
Pyae Phyo Thein

နိုင်ပွဲ (၆)ပွဲနဲ့ သရေ (၃)ပွဲ ရလဒ်ပိုင်ဆိုင်ထားပြီး ဘာစီလိုနာက အထင်ကြီးဖွယ်စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ကို အဝေးကွင်းမှာ (၁-ဝ) နဲ့ အနိုင်ရရှိခဲ့ပြီး ဘာစီလိုနာအသင်းဟာ နူးကမ့်ကို စိတ်ကျေနပ်ဖွယ်ရလဒ်နဲ့ ပြန်လာနိုင်ခဲ့ပါတယ်။ ဒီပွဲကို အနိုင်ရရှိခဲ့လို့လည်း ဘာစီလိုနာအသင်းဟာ ဒီနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး လက်ရှိအချိန်ထိ သူတို့ကို အနိုင်ယူနိုင်ခဲ့တဲ့ အသင်းလည်း ပေါ်ထွက်မလာသေးပါဘူး။

လုခ်ရှောရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် ဘာစီလိုနာက အိုးထရက်ဖို့ဒ်မှာ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒုတိယအကျော့ကို နူးကမ့်မှာကစားရမယ့် ဘာစီလိုနာအတွက် အခွင့်အရေးကောင်းလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာလည်း ချန်ပီယံလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ တစ်ခုတည်းသောအသင်းအဖြစ် ရပ်တည်နိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

အုပ်စုတွင်းမှာ PSV ၊ အင်တာမီလန်၊ တော့တင်ဟမ်ဟော့စပါးတို့နဲ့ ဘာစီလိုနာက တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး အိမ်ကွင်းအဝေးကွင်း စုစုပေါင်း (၆)ပွဲ ကစားခဲ့ရာမှာ (၄)ပွဲအနိုင်ရပြီး (၂)ပွဲ သရေကျခဲ့ပါတယ်။ (၁၆)သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲမှာ လိုင်ယွန်နဲ့ တွေ့ဆုံခဲ့ပြီးနောက် တစ်ပွဲနိုင်၊ တစ်ပွဲသရေရလဒ်ထွက်ပေါ်ခဲ့ကာ ကွာတားဖိုင်နယ်ပထမအကျော့မှာ ယူနိုက်တက်ကို အနိုင်ယူနိုင်ခဲ့ပါတယ်။

စုစုပေါင်း သွင်းဂိုး (၂၀)အထိ ဘာစီလိုနာက သွင်းယူထားပြီး ပေးဂိုးကတေ့ာ (၆)ဂိုးသာ ခွင့်ပြုခဲ့ရပါတယ်။ နိုင်ပွဲ (၆)ပွဲနဲ့ သရေ (၃)ပွဲ ရလဒ်ပိုင်ဆိုင်ထားပြီး ဘာစီလိုနာက အထင်ကြီးဖွယ်စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။ ဘာစီလိုနာနည်းတူ ချန်ပီယံလိဂ်မှာ ခြေစွမ်းပြနေတဲ့ အသင်းကတော့ အေဂျက်ဇ်ဖြစ်ပြီး (၉)ပွဲကစားခဲ့ရာမှာ (၁)ပွဲသာ အရေးနိမ့်ခဲ့ပါတယ်။

အေဂျက်ဇ်က အုပ်စုတွင်းမှာ ဘိုင်ယန်၊ ဘင်ဖီကာ၊ အေအီးကေတို့နဲ့ ရင်ဆိုင်ခဲ့ရပြီး (၃)ပွဲနိုင်၊ (၃)ပွဲသရေကစားခဲ့ကာ (၁၆)သင်းအဆင့်မှာ ရီးရဲလ်ကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ပြီး အဆိုပါပွဲတစ်ပွဲတည်းသာ ရှုံးနိမ့်ထားတာဖြစ်ပါတယ်။ အဝေးကွင်းမှာတော့ ရီးရဲလ်ကို (၁-၄)နဲ့ အနိုင်ယူခဲ့သလို ကွာတားဖိုင်နယ်ပထမအကျော့မှာလည်း ဂျူဗီကို တစ်ဂိုးစီသရေကစားထားနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က