ယူနိုက်တက်အတွက် ပထမဆုံး အသင်းခေါင်းဆောင် တာဝန်ယူခဲ့တာပါ။

ပထမဆုံး အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရတာကြောင့် အလွဲလွဲအချော်ချော်ဖြစ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ပါတီဇန် ဘဲလ်ဂရိတ်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် အဝေးကွင်းပွဲစဉ်မှာနောက်ခံလူ မက်ဂွဲယားက မန်ချက်စတာ ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် ပထမဆုံး တာဝန်ယူခဲ့ပါတယ်။



ဒါပေမယ့် ၂၆ နှစ်သား မက်ဂွဲယားအနေနဲ့ အသင်းခေါင်းဆောင်လက်ပတ်နဲ့အသားမကျပဲ အသင်းခေါင်းဆောင် တစ်ယောက်လုပ်ဆောင်မယ့် အရာတွေကို အစီအစဉ်တကျ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိဘူးလို့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။

မက်ဂွဲယားအနေနဲ့ လက်ဆွဲနှုတ်အဆက်အပြီးမှာ အသင်းခေါင်းဆောင်တွေလုပ်ဆောင်ရမယ့် ပန်းခေါင်းလည့် ခြင်းနဲ့ အပြန်အလှန် အလံလဲခြင်းတွေကို တစ်ဆက်တည်း လုပ်ဆောင်ရမှာ ဖြစ်ပေမယ့် အသင်းသားတွေနဲ့ အတူ ကွင်းထဲ လိုက်ဝင်သွားခဲ့လို့ ကွင်းလယ်ဒိုင်လူကြီး ဇာဗီယာက လှမ်းခေါ်ခဲ့ရတာလည်း ဖြစ်ပါတယ်။



အဲ့နောက် ပွဲအပြီးမှာတော့မက်ဂွဲယားက သူ့ရဲ့ တွစ်တာ စာမျက်နှာထက်မှာ - “ နောက်ဆုံးအကြိမ်လုပ်ခဲ့တာ တော်တော်ကြာခဲ့ပြီလေ” လို့ ရယ်နေတဲ့ အီမိုဂျီလေးနဲ့ တင်ခဲ့တာလည်းတွေ့ရပါတယ်။

BT Sport ကရိုက်ကူးနေတဲ့ ရုပ်သံမှာ ကွင်းလယ်ဒိုင်က ခေါ်ယူခဲ့ရာမှာ အနားကိုရောက်လာချိန်မှာလည်း ရပ်ရမယ့် ဖက်မှားနေလို့ ပါတီဇန်အသင်းခေါင်းဆောင်က နေရာပြောင်းပေးခဲ့ရပါသေးတယ်။



အဲ့နောက် ခေါင်းပန်းလှန်ချိန်မှာတော့ ကွင်းလယ်ဒိုင်က အနီကျရင် အရင်ရွေးရမယ်လို့ ပြောချိန်မှာတော့ ကွင်းဖက် ရွေးထားပြီးမှ ဘောလုံးအရင်စပေးမယ်ဆိုပြီးပြောလိုက်လို့ ပါတီဇန် အသင်းခေါင်းဆောင်က စိတ်ကြိုက်ဖက်ကို ပြန်ရွေးပေးခဲ့ရပါသေးတယ်။

ဒါပေမယ့်လည်း ဒါဟာ သူ့ရဲ့ မန်ချက်စတာယူနိုက်တက် ပထမဆုံး အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရတာကတော့ ပုံမှန်အသင်းခေါင်းဆောင် အက်ရှ်လေယန်း မပါဝင်နိုင်ခဲ့လို့ ဖြစ်ပါတယ်။

သူ့ရဲ့ အသင်းခေါင်းဆောင် အဖွင့်ကတော့ လှခဲ့ပြီး အဝေးကွင်းမှာပါတီဇန်ကို မာရှယ်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က