၂၀၁၅ တုန်းကလည်း တစ်ကြိမ် ပိတ်ခံခဲ့ရဖူးပါတယ်။

မနှစ်က အဆင့် ၅ မှာရပ်တည်နိုင်ခဲ့လို့ ယူရိုပါလိဂ် တိုက်ရိုက်ဝင်ခွင့်ရထားပေမယ့် တစ်နှစ် ဥရောပပွဲပယ် ခံခဲ့ရ လို့ ဒီကစားခွင့်ကို အဆင့် ၆ က ရိုးမားအသင်းထံ လွှဲပြောင်းပေးခဲ့ရပြီး ရိုးမားအသင်း ကစားရမယ့် ယူရိုပါလိဂ် ခြေစစ်ပွဲ ကစားခွင့်ကိုမူ အဆင့် ၇ က တိုရီနိုအသင်းက ရရှိခဲ့ပါတယ်။

ယူအီးအက်ဖ်အေက သတ်မှတ်ထားတ့ ဘဏ္ဍာရေးစည်းမျဉ်းကို ချိုးဖောက်ခဲ့မိလို့ အေစီမီလန်ကို ဥရောပပြိုင်ပွဲ ဝင်ခွင့်တစ်နှစ်ပိတ်ပင်ခဲ့တယ်လို့ BBC SPORT သတင်းဌာနကဖော်ပြလာပါတယ်။



အေစီမီလန်အသင်းဟာ မနှစ်က အမှတ်ပေးဇယားမှာ အဆင့် ၅ ရပ်တည်ခဲ့လို့ ယူရိုပါလိဂ်ဝင်ခွင့်ရထားပေမယ့် အခုလို ဥရောပပြိုင်ပွဲတစ်နှစ် ပိတ်ခံလိုက်ရတာကြောင့် ဝင်ခွင့်ရတော့မှာမဟုတ်ပါဘူး။

အေစီမီလန်အသင်းအနေနဲ့ သတ်မှတ် အသုံးစရိတ်ထက် ကျော်လွန်သုံးစွဲခဲ့တာကြောင့် အခုလို ပြစ်ဒဏ်ချမှတ် ခံခဲ့ရတာ ဖြစ်တယ်လို့ အားကစားခုံရုံးက သတင်းထုတ်ပြန်ပါတယ်။

အေစီမီလန်ကို ပြိုင်ပွဲဝင်ခွင့်ပိတ်လိုက်လို့ အဆင့် ၆ မှာရပ်တည်နေတဲ့ရိုးမားအသင်းက မူလ ခြေစစ်ပွဲအဆင့်က နေ ယူရိုပါလိဂ်ကို ကစားရမှာ ဖြစ်ပေမယ့် ခြေစစ်ပွဲ ကစားစရာမလိုတော့ပဲ တိုက်ရိုက်ခြေစစ်ပွဲအောင်ခဲ့သလို အဆင့် ၇မှာ ရပ်တည်နေခဲ့တဲ့ တိုရီနိုအသင်းက ယူရိုပါလိဂ် ခြေစစ်ပွဲ ကစားခွင့်ရလာခဲ့ပါတယ်။

ချန်ပီယံလိဂ်ဆုဖလား ၇ ကြိမ်အထိ ရယူထားဖူးတဲ့ အေစီမီလန်အသင်းဟာ တစ်မှတ်လျော့နည်းခဲ့တာကြောင့် ချန်ပီယံလိဂ် ခြေစစ်ပွဲ ကနေ ကစားခွင့်ကိုကပ်လွဲချော်ခဲ့တာလည်း ဖြစ်ပါတယ်။

အေစီမီလန်အသင်းကတော့ ယူအီးအက်ဖ်အေရဲ့ လုပ်ဆောင်ချက်ကို လက်ခံကြောင်းနဲ့ အခုလို ဥရောပ ပိတ်ခံ ရတာက စီးရီးအေမှာ ထိပ်ဆုံးပြန်ရောက်ဖို့ အခွင့်အရေးတစ်ရပ်အနေနဲ့ အသုံးချသွားမယ်လို့လည်း ထုတ်ပြန်ခဲ့ ပါတယ်။

အခုလို ယူအီးအက်ဖ်အေရဲ့ ပြစ်ဒဏ် သတ်မှတ်ခြင်း ခံရတာကတော့ အေစီမီလန်အတွက် ပထမဆုံးအကြိမ် မဟုတ်ပဲ ၂၀၁၅ ကနေ ၂၀၁၇ အထိ နှစ်နှစ်တိတိ တစ်ကြိမ် ပိတ်ပင်ခံထားရဖူးပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ



က္က