loading...

loading...

loading...

ဆဲလ်ဘတ်နဲ့ပွဲမှာဟက်ထရစ်ရခဲ့ပါတယ်။
Kyaw Ko Ko Sint

ဆဲလ်ဘတ်ကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းပြီး ဥရောပသွင်းဂိုး ၆ ဂိုးထိ ရှိလာခဲ့တာပါ။

ဆဲလ်ဘတ်ကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ် ၃၂ သင်းအဆင့် ပထမအကျော့ပွဲမှာ တစ်ဦးတည်း ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ ဖရန့်ဖတ်ကစားသမား ဒိုင်ချီကာမာဒါကတော့ ဂျပန်ဘောလုံးသမားတွေထဲမှာ တတိယမြောက် ဥရောပပြိုင်ပွဲ ဂိုးအများဆုံးသွင်းယူသူ ဖြစ်လာတယ်လို့ AFP သတင်းဌာနက ဖော်ပြလာပါတယ်။

ကာမာဒါအနေနဲ့ ဘွန်ဒက်စ်လီဂါ ၁၇ပွဲလောက် ဂိုးလုံးဝ မသွင်းထားနိင်ပဲ ရှိနေပေမယ့် အခု သွင်းယူတဲ့ ဟက်ထရစ်သွင်းဂိုးကတော့ သူ့အတွက် ဥရောပသွင်းဂိုး ၆ ဂိုးမြောက်လည်း ဖြစ်လာပါတယ်။

၆ဂိုးရဖို့ ၁၇၈ မိနစ်သာ ကြိုးပမ်းခဲ့ရပြီး ပွဲစုစုပေါင်း နောက်ဆုံး ကစားခဲ့တဲ့ ၃ ပွဲမှာ သွင်းယူထားတာလည်း ဖြစ်ပါ တယ်။

အခုလို ဥရောပသွင်းဂိုး ၆ ဂိုးထိရှိလာတာကြောင့်လည်း ကာမာဒါအနေနဲ့ ဥရောပအဆင့် ပြိုင်ပွဲမှာ ဂိုးအများဆုံး သွင်းယူထားနိုင်တဲ့ တတိယမြောက် ဂျပန်ကစားသမားဖြစ်လာစေခဲ့ပါတယ်။

အများဆုံး သွင်းထားသူက ဒေါ့မွန်နဲ့ယူနိုက်တက်ကစားသမား‌ဟောင်း ကာဂါဝါဖြစ်ပြီး ၁၁ ဂိုးသွင်းယူထားကာ ဒုတိယ အများဆုံးက လက်ရှိ လီဗာပူး တိုက်စစ်မှူး မီနာမီနိုဖြစ်ပြီး သူလည်း ၁၁ ဂိုးသွင်းထားတာပါ။

အခုလို ဥရောပအဆင့် ပြိုင်ပွဲမှာ ဂျပန်ကစားသမားတွေ ဟက်ထရစ်သွင်းထားကြပြီး မီနာမီနိုလည်း ယခင် ဆဲလ်ဘတ်နဲ့ ရိုစင်ဘော့စ်ကို ၅-၂ အနိုင်ရခဲ့တဲ့ မနှစ်က ယူရိုပါလိဂ်ပွဲမှာ ဟက်ထရစ်သွင်းခဲ့တာပါ။

အလားတူ ၂၀၀၂ ခုနှစ်တုန်းက အီနာမိုတိုကလည်း ဘိုလော့ဂ်နာအသင်းဖက်ကို ဖူဟမ်အသင်းအတွက် ဟက်ထရစ် သွင်းထားခဲ့ပါသေးတယ်။


loading...

က္က