ဗန်ဒိုက်၊ရော်နယ်ဒိုနဲ့မက်ဆီတို့ ၃ ဦးထဲက တစ်ဦးကို ရွေးချယ်ပေးမှာပါ။
Kyaw Ko Ko Sint

ပြင်သစ်နိုင်ငံ မိုနာကိုမြို့မှာ ဒီကနေ့ည မြန်မာစံတော်ချိန် ည ၁၀ နာရီမှာအခမ်းအနားကိုစတင်ကျင်းပသွားမှာ ဖြစ်ပြီး ဗန်ဒိုက်၊ရော်နယ်ဒိုနဲ့မက်ဆီတို့ ဆန်ကာတင်စာရင်းမှာပါဝင်နေပါတယ်။

ဗန်ဒိုက်၊ရော်နယ်ဒိုနဲ့မက်ဆီတို့ ၃ ဦး နောက်ဆုံး ဆန်ခါတင်စာရင်းမှာ ပါဝင်နေတဲ့ ဥရောပ တစ်နှစ်တာ အကောင်းဆုံး အမျိုးသားဘောလုံးသမားဆုကိုတော့ ဒီကနေ့ည မြန်မာစံတော်ချိန် ၁၀ နာရီမှာ စတင်ကျင်းပ မှာဖြစ်ပါတယ်။



ပြင်သစ်နိုင်ငံ မိုနာကိုမှာကျင်းပမယ့် ဥရောပ တစ်နှစ်တာ အကောင်းဆုံး ဆုပေးပွဲအခမ်းအနားနဲ့အတူ ၂၀၁၉-၂၀ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အုပ်စု မဲခွဲမှုတွေကိုလည်း ပြုလုပ်သွားမှာလို့ Daily Mail သတင်းဌာနရဲ့ ဖော် ပြချက်အရ သိရပါတယ်။

ဥရောပ တစ်နှစ်တာ အကောင်းဆုံး အမျိုးသားဘောလုံးသမားဆုကို လက်ရှိ ရရှိထားသူကတော့ ရီးရဲ ကွင်းလယ် ကစားသမား လူကာမိုဒရစ်ဖြစ်ပါတယ်။

ဒီနှစ်မှာ ပါဝင်လာတဲ့ ဆန်ကာတင် ၃ ဦးစာရင်းမှာတော့ ရော်နယ်ဒိုက ၃ ကြိမ် မက်ဆီက ၂ ကြိမ်ရရှိထားပြီး ဗန်ဒိုက်ကတော့ ပထမဆုံးအကြိမ် ပါဝင်လာတာပါ။



ဥရောပတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုတော့ မနှစ်က ဥရောပ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တို့မှာ အုပ်စုတွင်း ပါဝင်ခဲ့တဲ့ ကလပ်အသင်းတွေက နည်းပြ ၈၀ ဦးနဲ့ ဥရောပအဖွဲ့ဝင် ဂျာနယ်လစ် ၅၅ ဦးတို့က ရွေးချယ်ပေးတာ ဖြစ်ပါတယ်။

ဥရောပ တစ်နှစ်တာအကောင်းဆုံး ကစားမားဆုတွေ အဖြစ် အမျိုးသားဆု၊အမျိုးသမီးဆု၊ချန်ပီယံလိဂ် အကောင်းဆုံး ဂိုးသမားဆု၊အကောင်းဆုံးနောက်တန်းဆု၊အကောင်းဆုံး အလယ်တန်းဆု၊အကောင်းဆုံး တိုက်စစ်မှူးဆု၊ယူရိုပါလိဂ် အကောင်းဆုံး ကစားသမားဆုတွေကို ပေးအပ်သွားမှာလို့လည်း သိရပါတယ်။


Author


က္က