ရော်နယ်ဒို နဲ့ မက်ဆီတို့ ရသင့်တယ်လို့ ဆိုခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် ဗန်ဒိုက်ဟာ ချန်ပီယံလိဂ်ဖလားကို လီဗာပူးလ်အသင်းရရှိအောင် ကူညီပေးနိုင်ခဲ့ပြီး ဘလွန်းဒီအောဆုရရှိဖို့လည်း ရေပန်းစားနေသူဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူဟောင်းရီယိုဖာဒီနန်က ဥရောပတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဗန်ဒိုက်ရရှိခဲ့တဲ့အပေါ်မှာ ဝေဖန်ပြောဆိုသွားခဲ့ပြီး မက်ဆီနဲ့ ရော်နယ်ဒိုတို့ တစ်ဦးဦးသာ ဆွတ်ခူးသင့်တယ်လို့ ပြောသွားခဲ့ပါတယ်။ ယူနိုက်တက်ဂန္ထဝင်ကစားသမားဟောင်းကြီးက လီဗာပူးလ်နောက်ခံလူက ကမ္ဘာ့အကောင်းဆုံးနောက်ခံလူလို့ သတ်မှတ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ပရိသတ်တွေကတော့ နောက်ခံလူတွေရဲ့ ခြေစွမ်းကို စောင့်ကြည့်ဖို့ ငွေကုန်ခံမှာမဟုတ်ဘူးလို့ ဖာဒီနန်က ပြောဆိုခဲ့ကြောင်း Fox Sports Austrila က ရေးသားဖော်ပြခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် ဗန်ဒိုက်ဟာ ချန်ပီယံလိဂ်ဖလားကို လီဗာပူးလ်အသင်းရရှိအောင် ကူညီပေးနိုင်ခဲ့ပြီး ဘလွန်းဒီအောဆုရရှိဖို့လည်း ရေပန်းစားနေသူဖြစ်ပါတယ်။

BT Sport ကတဆင့် ဖာဒီနန်က ပြောဆိုခဲ့ရာမှာတော့ "ကျွန်တော့်စိတ်ထဲမှာ ဗန်ဒိုက်က ကမ္ဘာ့အကောင်းဆုံးဗဟိုနောက်ခံလူအဖြစ် ရှိနေတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး၊ ဒါပေမယ့်လည်း မက်ဆီလို တစ်ရာသီ ဂိုး ၅၀ သွင်းနေတဲ့သူမျိုး၊ ရော်နယ်ဒိုလို ဆုဖလား ၃လုံးရရှိခဲ့တဲ့ ကစားသမားမျိုးတွေ ရှိနေပါတယ်"

"ဒီကစားသမားနှစ်ဦးပဲ ဆုရနေတာကို ပျင်းရိလာပြီလို့ လူတွေက ပြောဆိုနေကြပါတယ်၊ ဒါပေမယ့်လည်း သူတို့က သူတို့ရဲ့စွမ်းဆောင်ရည်တွေကို ပြသနေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ ၁၂နှစ်၊ ၁၅နှစ်အတွင်းမှာ ဘယ်သူမှ မစွမ်းဆောင်နိုင်တာမျိုးကို လုပ်ပြနေခဲ့တာပါ၊ ဒီဆုကို ဗန်ဒိုက်ရရှီလို့ ကျွန်တော်ပျော်ရွှင်မိပါတယ်၊ ဒါပေမယ့် ရော်နယ်ဒိုနဲ့ မက်ဆီတို့က အကောင်းဆုံးပါ" လို့ ဖာဒီနန်က ပြောဆိုသွားခဲ့ပါတယ်။

ရော်နယ်ဒိုကတော့ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့ပြီး လိဂ်ပြိုင်ပွဲအသစ်မှာ သွင်းဂိုး ၂၁ဂိုးအထိ ရရှိခဲ့ပြီး စီးရီးအေအမှတ်ပေးဖလား၊ စီးရီးအေစူပါဖလားတို့ကို ဆွတ်ခူးခဲ့ပြီး ပေါ်တူဂီအသင်းနဲ့လည်း နေးရှင်းလိဂ်ဖလားကို ရရှိခဲ့ပါတယ်။ မက်ဆီကတော့ လာလီဂါ၊ ချန်ပီယံလိဂ်နဲ့ ဥရောပရွှေဖိနပ်ဆုတွေကို ဆွတ်ခူးခဲ့ပြီး ဘာစီလိုနာနဲ့လည်း အမှတ်ပေးဖလားရရှိခဲ့ပါတယ်။



က္က