လူစာရင်းပါပေမယ့် နည်းပြကတော့ ထည့်သွင်းကစားဖို့ အတည်မပြုသေးပါဘူး။

ဘာစီလိုနာအသင်းကတော့မက်ဆီကို ဒေါ့မွန်နဲ့ ကစားမယ့် လူစာရင်း ထည့်သွင်းထားပေမယ့် ထည့်သွင်း ကစားဖို့ကိုတော့ နည်းပြက အတည်မပြုသေးတာပါ။

ဘာစီလိုနာ နည်းပြ ဗယ်လ်ဗာဒီက အသင်းခေါင်းဆောင် မက်ဆီကို ဒေါ့မွန်နဲ့ပွဲမှာ ထည့်သွင်းအသုံးပြုသင့် မသင့်ကို အင်္ဂါနေ့အထိ စောင့်ကြည့်သွားမယ်လို့ ထုတ်ဖော်ပြောခဲ့ကြောင်း Daily Mail သတင်းဌာနက ဖော်ပြ လာပါတယ်။



အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီကတော့ ကိုပါဒယ်ရေး ပြိုင်ပွဲမှာ ရခဲ့တဲ့ ခြေသလုံး ဒဏ်ရာကြောင့် ဒီရာသီ ဘာစီလိုနာရဲ့ လာလီဂါပွဲစဉ်တွေကိုလွဲချော်ထားသူပါ။



လက်ရှိမှာတော့ ပြီးခဲ့တဲ့ တနင်္လာနေ့က အသင်းနဲ့အတူ အပြည့်အ၀ လေ့ကျင့်ခန်း ပြန်ဆင်းနေနိုင်ပြီ ဖြစ်ပြီး ဘာစီလိုနာရဲ့ ချန်ပီယံလိဂ် လူစာရင်းမှာလည်း ပါဝင်လာပါပြီ။

“ ပြီးခဲ့တဲ့ တစ်ပတ်ကအထိ ချန်ပီယံလိဂ်အတွက် အဆင်သင့်ဖြစ်ပြီလို့ မဆိုနိုင်သေးပါဘူး၊အခုတော့ မက်ဆီလည်း ပြန်လည်ကောင်းမွန်လာပြီး လေ့ကျင့်ခန်း ဆင်းနေပါပြီ။ သူ့အခြေအနေက ပြန်လည်ကောင်းမွန် လာတာတွေ့ရပြီးကြောက်စိတ်တွေလည်း မရှိတော့ပါဘူး။သူတော်တော် တိုးတက်လာပါပြီ၊ဒါပေမယ့် အင်္ဂါနေ့ထိ စောင့်ကြည့်ပါမယ်။” လို့ ဗယ်လ်ဗာဒီက ပြောခဲ့တာပါ။

မက်ဆီကတော့ ဘာစီလိုနာအတွက် နောက်ဆုံး ပါဝင်ကစားပေးထားတာ ပြီးခဲ့တဲ့ မေလက ဗလင်စီယာအသင်း နဲ့ ကစားခဲ့တဲ့ ကိုပါဒယ်ရေး ဗိုလ်လုပွဲမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒေ့ါမွန်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် လူစာရင်း၂၂ ဦးစာရင်းမှာမက်ဆီ ပြန်လည်ပါဝင်လာ ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က