နေမကောင်းတာကြောင့် လူစာရင်းကနေ ချန်လှပ်ခဲ့တာလို့ ဇီဒန်းက ပြောခဲ့တာပါ။
Kg Htet

ရီးရဲမက်ဒရစ်အသင်း နည်းပြဇီဒန်းက အသင်းနဲ့အတူ ရာသီကြိုခရီးစဉ်ကို လိုက်ပါခဲ့ခြင်းမရှိတဲ့ ဂါရတ်ဘေးလ်ရဲ့ ကိုယ်ပိုင်ဘဝမှာ ကိုယ်လုပ်ချင်တာလုပ်တာ ကိုယ့်ကိစ္စသာဖြစ်ပြီး လေ့ကျင့်နေတာမဟုတ်သရွေ့ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ကြောင်း The National သတင်းက ဖော်ပြပါတယ်။

ဂါရတ်ဘေးလ်ဟာ ယခုနွေရာသီမှာ ရီးရဲမက်ဒရစ်အသင်းကနေ ထွက်ခွာဖို့ သတင်းအခိုင်အမာ ထွက်ပေါ်နေသူဖြစ်ပြီး နည်းပြဇီဒန်းက စပါးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ Audi ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် အသင်းနဲ့အတူ မြူးနစ်ကို ဂါရတ်ဘေးလ် မလိုက်ပါနိုင်တာဟာ နေမကောင်းဖြစ်နေတာကြောင့်ဖြစ်တယ်လို့ အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။



ဒါပေမယ့် ဂါရတ်ဘေးလ်ကို ဂေါက်ကွင်းမှာ အကောင်းပကတိ ဂေါက်ရိုက်ပြီး အပန်းဖြေနေတာကို မြင်တွေ့ခဲ့ရပြီးနောက် နည်းပြဇီဒန်းက ဂါရတ်ဘေးလ်ကို အသင်းလူစာရင်းကနေ တမင်ချန်လှပ်ထားခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲမှုတွေ ရှိလာခဲ့တာဖြစ်ပါတယ်။

နည်းပြဇီဒန်းက ဂေါက်ရိုက်နေတဲ့ ဂါရတ်ဘေးလ်ရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ဝေဖန်မှုပြုလုပ်သွားမှာ မဟုတ်ကြောင်း ဖီနာဘာချီအသင်းကို ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော် ဒီမှာရှိနေပါတယ်။ ကစားသမားတွေနဲ့အတူ ကျွန်တော် ဒီမှာပါ။ အဲဒီတော့ ကျွန်တော် အများကြီး မပြောနိုင်ပါဘူး။ သူ အဲဒီမှာ လေ့ကျင့်နေမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော် တစ်စုံတယောက်က တစ်ခုခုလုပ်နေတာကို တားဆီးသွားမှာမဟုတ်ပါဘူး။ အားလုံးမှာ သူ့ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိကြပြီး မက်ဒရစ်မှာ သူ့ရဲ့တာဝန်ယူမှု၊ တာဝန်ခံမှုကို ကျွန်တော်တို့ တွေ့ရမှာပါ”

“သူ့ရဲ့ကိုယ်ပိုင်ဘဝကို ကျွန်တော် ဝင်ပါမှာမဟုတ်ပါဘူး။ သူ လေ့ကျင့်ဖို့ နေခဲ့တယ်။ သူ လေ့ကျင့်နေခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ အခြားအရာအားလုံးကို မြင်တွေ့ရပါလိမ့်မယ်”လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က