မာရီယိုဒိုက်ဇ်ကို မူလက ပေးအပ်ထားတာပါ။

ရီးရဲကို ရောက်ချိန်မှာ ချဲလ်ဆီးနဲ့ဘယ်လ်ဂျီယံမှာစွဲစွဲမြဲမြဲဝတ်လာတဲ့ ကျောနံပါတ် ၁၀ကိုသာ ဝတ်ဆင်ခဲ့ပေမယ့် ရီးရဲအသင်းက ၇ ကို ဝတ်ဆင်စေခဲ့တာပါ။

ကျောနံပါတ် ၇ ရဲ့ ကြီးကျယ်ခမ်းနားမှုနဲ့ တာဝန်ကြီးမှုတွေကို ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားခွင့်ရပြီးမှ ဟာဇက်တစ်ယောက်နားလည်လာခဲ့ပြီး အရင်က ကျောနံပါတ် ၇ ဝတ်ပြီး အောင်မြင်ခဲ့တဲ့ ရော်နယ်ဒိုရဲ့ ဘ၀ အခက်အခဲတွေကို တိုင်းဆမိတယ်လို့ ဖွင့်ဟလာခဲ့တယ်လို့ Marca သတင်းဌာနက ဖော်ပြလာပါတယ်။



“ရော်နယ်ဒိုအလွန် ကျောနံပါတ် ၇ ဝတ်ရတာ မလွယ်လှပါဘူး။” လို့ ဟာဇက်က ရီးရဲမက်ဒရစ် တီဗွီကို ပြော သွားတာပါ။



ဟာဇက်ကတော့ ဒီနှစ်မှာ ချဲလ်ဆီးအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၃၀ နဲ့ ရောက်ရှိလာသူဖြစ်ပြီး အမြဲဝတ်ဆင်နေတဲ့ ကျောနံပါတ် ၁၀ ကိုသာ ရီးရဲမှာကနဦး ဝတ်ဆင်ခဲ့တာပါ။

ဒါပေမယ့် လက်ရှိမှာတော့ ကျောနံပါတ် ၇ ကိုု တရားဝင် ပြောင်းလဲဝတ်ဆင်ခဲ့ပြီဖြစ်ပြီး မူလ ကျောနံပါတ် ၁၀ကတော့ လစ်လပ်နေပါတယ်။

မူလက ကျောနံပါတ် ၇ ကို မာရီယိုဒိုက်ဇ်ကို ပေးထားပေမယ့် ရီးရဲအသင်းအနေနဲ့ ဟာဇက်ကို ရာအူးလ်၊ရော် နယ်ဒိုတို့လို ဦးစားပေး ဝတ်ဆင်ခွင့်ပြုလိုက်တာပါ။

ဟာဇက်အနေနဲ့ ကျောနံပါတ် ၇ ကိုတော့ ပြီးခဲ့တဲ့ ဂါလာတာစာရေးအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ ဝတ်ဆင်ကစားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က