ကစားသမားဘဝရဲ့ နောက်ဆုံးအချိန်ဖြစ်လာနိုင်ပါတယ်။

ကစားသမားဘဝ ၂၁နှစ်ရှိနေပြီဖြစ်တဲ့ အီဘရာဟီမိုဗစ်ချ်အနေနဲ့ အသက်အရွက်အရ ကြံ့ခိုင်မှုပိုင်းလိုအပ်ချက်ရှိ လာခဲ့တာလည်းဖြစ်ပါတယ်။

အေစီမီလန်အသင်းရဲ့ ၀ါရင့်တိုက်စစ်မှူးအီဘရာဟီမိုဗစ်ချ်အနေနဲ့ ကာလရှည်ခံစားနေရတဲ့ ဒူးဒဏ်ရာအပြင် ခြေ ကျင်းဝတ်အရွတ်ဒဏ်ရာတို့ကြောင့် ကစားသမားဘဝအဖြစ် ဆက်လက်ရပ်တည်ဖို့ အခက်အခဲအချို့ရှိလာခဲ့ခြင်း နဲ့ အနားယူရဖို့ရှိနေတယ်လို့ thesun ရဲ့ဖော်ပြချက်အရ သိရပါတယ်။

၁၉၉၉ ခုနှစ်က မယ်လ်မိုအသင်းနဲ့အတူ ပရော်ဖက်ရှင်နယ်ကစားသမားဘဝစတင်ခဲ့တဲ့ အီဘရာဟီမိုဗစ်ချ်အနေ နဲ့ ကစားသမားဘဝ ၂၁နှစ်အတွင်း အေဂျက်ဇ်၊ ဂျူဗင်တပ်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ မန်ယူနိုက် တက်၊ အယ်လ်အေဂလက်ဆီ၊ အေစီမီလန်အစရှိတဲ့ ထိပ်သီးအသင်းတွေနဲ့အတူ ကစားသမားဘဝဖြစ်သန်းခဲ့သူ လည်းဖြစ်ပါတယ်။



Sky Sport Italia ရဲ့ဖော်ပြချက်အရ မိုဗစ်ချ်ရဲ့ ဒဏ်ရာအခြေအနေက အဆိုးရွားဆုံးအခြေအနေဖြစ်နေခဲ့ပြီးကြံ့ ခိုင်မှုပိုင်းပြန်ကောင်းဖို့အတွက် အချိန်ကာလတစ်ခုအထိအနားယူရဖို့ရှိိနေသလို ကစားသမားအဖြစ်ဆက်လက်ရ ပ်တည်နိုင်ဖို့အတွက်လည်း စိန်ခေါ်မှုတွေရှိလာခဲ့တယ်လို့ အခိုင်အမာဖော်ပြထားခဲ့တာပါ။

အေစီမီလန်အသင်းနဲ့စာချုပ်သက်တမ်းရှိနေဆဲဖြစ်တဲ့ မိုဗစ်ချ်အနေနဲ့ ရာသီကုန်မှာပရီးမီးယားလိဂ်အလယ်အလ တ်အ သင်းတစ်သင်းသင်းဆီပြောင်းရွှေ့ကစားလိုတယ်လို့ ထုတ်ဖော်ပြောဆိုမှုများပြုလုပ်ထားခဲ့ပေမယ့် လက်ရှိ အခြေအနေအရ ကစားသမားဘဝကနေ အနားယူရဖို့ရှိရာခိုင်နှုန်းပိုများနေခဲ့တာလည်းဖြစ်ပါတယ်။

အားကစားသမားတွေအတွက် အရေးကြီးဆုံးနေရာဖြစ်တဲ့ ခြေကျင်းဝတ် Achilles အရွတ်ဆိုးရွားစွာဆုတ်ပြဲနေ ခဲ့တဲ့ မိုဗစ်ချ်အနေနဲ့ အနည်းဆုံး ၆လခန့်အနားယူရဖို့ရှိလာခဲ့ခြင်းကြောင့် အသက် ၃၉နှစ်အရွယ်ဖြစ်နေခြင်းနဲ့အ တူ ကစားသမားဘဝကအနေ အပြီးသတ်အနားယူရဖို့ သေချာသလောက်ဖြစ်လာခဲ့တာလို့လည်း သုံးသပ်မှုများ ရှိနေခဲ့ပါတယ်။



က္က