ခက်ခဲတဲ့ အချိန်တွေကို ဖြတ်ကျော်ခဲ့ရတယ်လို့ ဆိုပါတယ်။

နည်းပြဇီဒန်းရဲ့ မလိုအပ်မှုကြောင့် အသင်းမှာ အနာဂတ်မရေခဲ့ပဲ တရုတ်လိဂ်ကို ပြောင်းဖို့အထိ လုပ်ဆောင်ခဲ့ပြီး မှ မပြောင်းဖြစ်ပဲ ဒီနှစ်မှာတော့ အသင်းနဲ့အတူ လာလီဂါ ၃ ပွဲမှာ တစ်ဂိုးစတင်သွင်းယူထားနိုင်ပါပြီ။

ရီးရဲအသင်းခေါင်းဆောင် ရာမို့စ်က အသင်းဖော် ဝေးလ်လက်ရွေးစင်တိုက်စစ်မှူး ဘေးလ်အနေနဲ့ အသင်းရဲ့ အဓိက အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ခက်ခဲတဲ့ ရာသီတစ်ခုကို ဖြတ်ကျော်ခဲ့ရတယ်လို့ ထုတ်ဖော်ပြော ခဲ့တဲ့အကြောင်း Goal.com ကဖော်ပြလာပါတယ်။



၂၀၁၃ ခုနှစ်ကတည်းက ရီးရဲကို ရောက်နေတဲ့ ဘေးလ်က အသင်းနဲ့အတူ ချန်ပီယံလိဂ် ၄ ကြိမ် အပါအဝင် လာလီဂါဆုဖလားနဲ့အတူ အခြားသော အောင်မြင်မှုတွေကို ရရှိထားသော်လည်း နည်းပြ ဇီဒန်းက မလိုအပ်တာ ကြောင့် တရုတ်လိဂ်ကို ပြောင်းဖို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။



ဒါပေမယ့် မထွက်ခွာဖြစ်သလို ဒီနှစ်မှာလည်း အသင်းရဲ့ လာလီဂါ ၃ ပွဲစလုံးကို ပြန်လည်ပါဝင်ကစားခွင့်ရလာပြီး ဗီလာရီးရဲကို ၂-၂ ဂိုး သကျေခဲ့တဲ့ပွဲမှာ တစ်ဂိုးစတင်သွင်းယူပေးနိုင်ပြီ ဖြစ်ပါတယ်။

“ ကျွန်တော်ကတော့ ဘေးလ်က အသင်းအတွက် အဓိက အရေးပါတဲ့ ကစားသမားအဖြစ် လိုအပ်နေပါတယ်၊ ကျွန်တော်တို့ဟာ ဘဝမှာ ဘာမဆိုလွတ်လပ်စွာ လုပ်ဆောင်ပိုင်ခွင့်ရှိတဲ့အပေါ်မှာတစ်ဦးနဲ့တစ်ဦး လေးစားမှု ရှိ သင့်ပါတယ်။ပရော်ဖက်ရှင်နယ်မှာတော့ အသင်းမှာ ကိုယ့်ကိုယ်ကို ပြန်အကြွေးတင်နေပါလိမ့်မယ်၊ အတတ်နိုင် ဆုံးရိုးသားပါ။” လို့ ရာမို့စ်က ပြောခဲ့ပါတယ်။

နည်းပြဇီဒန်းရီးရဲကို ပြန်လည်ရောက်ရှိလာခဲ့ချိန်မှာ ဘေးလ်ကို မလိုတော့ဘူးလို့ ပြောလာတာကြောင့် ခက်ခဲတဲ့ အချိန်တစ်ခုနဲ့ရင်ဆိုင်ခဲ့ရပြီး အခုတော့ အသင်းမှာ ပုံမှန်နေရာ ပြန်ရနေပါတယ်။

“သူက လက်ရှိအသင်းမှာ အားလုံးနဲ့တန်းတူ လိုအပ်ချက်ရှိသူပါ၊သူက အားလုံးထက် အတွေ့အကြုံပိုရင့်ကျက် တဲ့ထဲမှာလည်း ပါဝင်ပါတယ်။” လို့ ဆက်လက်ပြောခဲ့ပါသေးတယ်။

ရာမို့စ်ကတော့ လက်ရှိမှာ စပိန်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၆၇ ပွဲ ကစားပြီး အသင်းခေါင်းဆောင် ဟောင်း ဂိုးသမားကြီး ကာဆီးလက်စ်နဲ့အတူ ပွဲအများဆုံးကစားထားသူ ဖြစ်လာခဲ့ပါပြီ။



က္က