မန်စီးတီးနဲ့ပွဲအတွက် အသင်းလူစာရင်းက ချန်လှပ်ခဲ့တာပါ။

အသက် ၃၁ နှစ်အရွယ်ကစားသမားဟာ ဇွန်လမှာ ပြန်လည်ကျင်းပခဲ့ချိန်ကစပြီး လက်ရှိအချိန်ထိ အသင်းရဲ့ပွဲစဉ်ပေါင်း ၁၁ ပွဲမှာ ၁ပွဲတည်းသာ ပွဲထွက်ခွင့်ရရှိခဲ့သူဖြစ်ပါတယ်။


မန်စီးတီးနဲ့ ရင်ဆိုင်သွားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အတွက် ကစားသမား ၂၄ဦးစာရင်းကို ဇီဒန်းက ရွေးချယ်ခဲ့ရာမှာ ဂါရတ်ဘေးလ်ကို ချန်လှပ်ထားခဲ့တယ်လို့ BBC က ဖော်ပြခဲ့ပါတယ်။ အသင်းအတွက် အရေးပါတဲ့ ပွဲစဉ်တစ်ပွဲကို ပါဝင်ခွင့်မရတဲ့နောက် ဘေးလ်ရဲ့အနာဂတ်က ပြတ်ပြတ်သားသားရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ 

အသက် ၃၁ နှစ်အရွယ်ကစားသမားဟာ ဇွန်လမှာ ပြန်လည်ကျင်းပခဲ့ချိန်ကစပြီး လက်ရှိအချိန်ထိ အသင်းရဲ့ပွဲစဉ်ပေါင်း ၁၁ ပွဲမှာ ၁ပွဲတည်းသာ ပွဲထွက်ခွင့်ရရှိခဲ့သူဖြစ်ပါတယ်။ ကျန်ပွဲစဉ်တွေမှာတော့ အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်ခွင့်ရနေခဲ့တာဖြစ်ပြီး နည်းပြဇီဒန်းနဲ့လည်း ဆက်ဆံရေးအဆင်မပြေဖြစ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။ 

ဘာနေဗျူးမှာကစားခဲ့တဲ့ ပထမအကျော့မှာ ရီးရဲလ်က ၂-၁ နဲ့ အရေးနိမ့်ထားခဲ့ပြီး အီတီဟတ်ပွဲစဉ်က အစွမ်းကုန်ကြိုးစားရတော့မှာလည်းဖြစ်ပါတယ်။ အဆုံးအဖြတ်ပွဲစဉ်မှာ ဘေးလ်ကို ရွေးချယ်ခြင်းမပြုခဲ့တဲ့ ဇီဒန်းရဲ့လုပ်ရပ်က ကစားသမားရဲ့ အနာဂတ်ကိုပါ ပြောဆိုခဲ့ခြင်းဖြစ်တယ်လို့ သုံးသပ်ရပြီး ဝေးလ်လက်ရွေးစင်အနေနဲ့ အသင်းပြောင်းရွှေ့ဖို့ ပိုမိုနီးစပ်လာခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့လအတွင်းမှာ ဘေးလ်ရဲ့အေးဂျင့်က သူ့ကစားသမားအနေနဲ့ ဘာနေဗျူးမှာသာ ဆက်ရှိနေမယ်လို့ ပြောဆိုထားခဲ့ဖူးပါတယ်။ ဘေးလ်ဟာ ၂၀၁၃ မှာ စပါးကနေ ရီးရဲလ်ကို ပေါင် ၈၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်ခဲ့ပါတယ်။ အသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပေလည်း ဒီနောက်ပိုင်းမှာတော့ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေခဲ့ပါတယ်။ 

ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၁၄ ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး အသင်းအရန်ခုံတန်းမှာလည်း ပရိုမပီသတဲ့ အပြုအမူတွေကို ပြုလုပ်ပြနေခဲ့လို့ ဝေဖန်ခံခဲ့ရပါသေးတယ်။ ဘေးလ်ကိုခေါ်ယူဖို့ တရုတ်ကလပ်အသင်းတွေက ကြိုးပမ်းမှုတွေရှိခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်က ငြင်းဆိုခဲ့ပြီး လက်ရှိအချိန်မှာတော့ ရောင်းချသွားဖို့ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ယုံကြည်ရပါတယ်။ 



က္က