loading...

loading...

loading...

ဖေဖော်ဝါရီ ၂၆ရက်နေ့မှာ ပထမအကျော့ပွဲစဉ်အဖြစ် ရင်ဆိုင်ကြမှာပါ။
Win Kyaw Min

၂၀၁၁-၁၂ ချန်ပီယံလိဂ်ဗိုလ်လုပွဲရှုံးကြွေးကို ပြန်ဆပ်လိုနေခဲ့တာလည်းဖြစ်ပါတယ်။

ချန်ပီယံလိဂ် ၁၆သင်းရှုံးထွက်အဆင့်တွင် ထိပ်တိုက်တွေ့ဆုံရမယ့် ချဲလ်ဆီးအသင်းနဲ့ပွဲစဉ်က အသင်းအတွက် အရေးပါဆုံးပွဲစဉ်ဖြစ်လာနိုင်တယ်လို့ ဘိုင်ယန်မြူးနစ်နောက်ခံလူ အလာဘာက ထုတ်ဖော်ပြောဆိုခဲ့ပြီး အသင်း အနေနဲ့ ၈နှစ်ကြာက ရှုံးကြွေးကို ပြန်ဆပ်ရမယ့် အချိန်ရောက်ရှိလာခဲ့ပြီဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့မှုကို dailymail က ဖော်ပြလာပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၁-၁၂ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိခဲ့တဲ့ ဘို င်ယန်မြူးနစ်အသင်းကို အံအားသင့်ဖွယ်စွမ်းဆောင်မှုများနဲ့အတူ နောက်ဆုံးပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရ ရှိထားခဲ့တာလည်းဖြစ်ပါတယ်။



“ ကိုယ့်မြို့၊ ကိုယ့်ကွင်း၊ ကိုယ့်ဖလားလို့ သတ်မှတ်ခဲ့ပေမယ့် အဆုံးသတ်က မလှပခဲ့ပါဘူး။ ၂၀၁၂ ဗိုလ်လုပွဲဖြစ် ရပ်က လက်ရှိအချိန်အထိလွှမ်းမိုးမှုရှိနေဆဲပါ။ လက်ရှိအချိန်မှာတော့ အကြွေးပြန်ဆပ်ရမယ့် အချိန်ရောက်လာ ခဲ့ပါပြီ ” လို့ အာလာဘာက ထုတ်ဖော်ပြောဆိုလိုက်တာပါ။

လွန်ခဲ့တဲ့ ၈နှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မှာ ချဲလ်ဆီးအသင်းခေါင်းဆောင်ဂျွန်တယ်ရီ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံ ထားရခြင်းကြောင့် လက်ရှိချဲလ်ဆီးအသင်းနည်းပြအဖြစ် တာဝန်ယူနေခဲ့တဲ့ လမ်းပတ်က အသင်းခေါင်းဆောင် အဖြစ် ဦးဆောင်ကစားခဲ့ပြီး အောင်မြင်မှုရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဘိုင်ယန်မြုးနစ်အသင်းအနေနဲ့ ၂၀၁၂ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်တွင် ချဲလ်ဆီးအသင်းနဲ့ထိပ်တိုက်တွေ့ဆုံခဲ့ပြီး နောက်ပိုင်းတွင် တစ်ကြိမ်တစ်ခါမှ ထပ်မံတွေ့ဆုံခဲ့ခြင်းမရှိဘဲ ၈နှစ်အကြာမှ ဥရောပရဲ့အဆင့်အမြင့်ဆုံးပြိုင်ပွဲ မှာ ပြန်လည်ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။


loading...

က္က