စပါးနဲ့ပွဲမှာ တစ်ဂိုးသွင်း နှစ်ဂိုးဖန်တီး‌ပေးခဲ့သူပါ။

ချဲလ်ဆီးနဲ့ပွဲအပါအဝင် ကြားထဲမှာ ၆ပွဲလွဲချော်မှာ ဖြစ်လို့ ဘိုင်ယန်အတွက် များစွာ နစ်နာခဲ့ရပါတယ်။

ချဲလ်ဆီးကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီး ခြေထောက် ဒဏ်ရာ အနည်းငယ်ရရှိခဲ့တယ်လို့ သိရပါတယ်။



BBC SPORT ရဲ့ ဖော်ပြချက်အရ အနည်းဆုံး ၄ ပတ်ခန့်နားရမှာ ဖြစ်လို့ ချဲလ်ဆီးနဲ့ အိမ်ကွင်းပြန်ကစားမယ့် ချန်ပီယံ လိဂ် ဒု-ကျော့ကို မပါဝင်နိုင်တော့ပါဘူး။



လီဝန်ဒေါစကီးကတော့ ချဲလ်ဆီးအသင်းဖက်ကို ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပ-ကျော့မှာ တစ်ဂိုးသွင်းပြီး ၂ ဂိုးဖန်တီးပေးထားနိုင်ခဲ့သူပါ။

အနားယူရမယ့် ၄ပတ်တာကာလအတွင်းမှာ ဘိုင်ယန်မြူးနစ်အတွက် ၆ပွဲလောက် လက်လွှတ်ထားရဖို့ ရှိနေ ပါတယ်။

အမှတ်ပေးဇယားမှာ လိုက်ပ်ဇက်ထက် ၁ မှတ်သာ အသာရနေတဲ့ ဘိုင်ယန်အတွက် လီဝန်လွဲ‌ချော်မယ့်ပွဲတွေက လိဂ် ၄ ပွဲအပါအဝင်ရှော်လ်ကေးနဲ့ ဂျာမန်ဖလား ကွာတားဖိုင်နယ်၊ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ဒု-ကျော့ ပွဲတွေ ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် လီဝန်ဒေါစကီးကတော့ ဒီနှစ်ဘောလုံးရာသီမှာ ဘိုင်ယန်အတွက် ၃၃ပွဲကစားအပြီး ၃၉ ဂိုးအထိသွင်းယူပေးထားသူပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က