ဘေးလ်ပါဝင်တဲ့ စပါးနဲ့ မရင်ဆိုင်ချင်တာကြောင့်သာ အရွှန်းဖောက်ပြောခြင်း ဖြစ်ပါတယ်။

စပါးကို ပြန်ရောက်ဖို့ သတင်းထွက်ပေါ်နေတဲ့ ရီးရဲတိုက်စစ်မှူး ဂါရတ်ဘေးလ်ကို ရှက်ဖီးလ်အသင်း နည်းပြ ခရစ္စဝိုက်ဒါက ရီးရဲမှာသာ ဆက်နေပြီး ဂေါက် သီးသာ ဆက်ရိုက်နေပါလို့ အရွှန်းဖောက် ပြောဆိုလိုက်တယ်လို့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။

အခုလို အရွှန်း‌ဖောက်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ‌‌ဘေးလ်ပါဝင်တဲ့ စပါးအသင်းနဲ့ ရင်မဆိုင်လိုတာကြောင့်သာ ဖြစ်တယ်လို့လည်း ဝိုက်ဒါက ဆိုပါသေးတယ်။



လက်ရှိမှာတော့ စပါးအသင်းမှာ နေရာပျောက်ဆုံးနေပြီး နည်းပြ ဇီဒန်းရဲ့ လစ်လျူရှုခြင်း ခံထားရတဲ့ ဘေးလ်ကို အသင်းဟောင်း စပါးက ပြန်လည်ခေါ်ယူဖို့ လုပ်ဆောင်နေကာ နှစ်သင်းကြား ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပြီလို့ လည်း ကစားသမားရဲ့ အေးဂျင့်ဖြစ်သူက ထုတ်ဖော်ပြောထားပါသေးတယ်။

ရှက်ဖီးလ်နည်းပြကတော့ အသက် ၃၁နှစ်အရွယ်ရှိပြီ ဖြစ်သည့်တိုင် ‌ဘေးလ်ရဲ့ အရည်အချင်းကို ယုံကြည်ပြီး ကြောက်စရာ ရန်သူကောင်းတစ်ဦးဖြစ်တယ်လို့လည်းမှတ်ချက်ပေးထားပါသေးတယ်။

“ပရီးမီးယားလိဂ်ကို ရောက်ချိန် ဟာဇက်အသင်းပြောင်းသွားတုန်းကဆိုရင် ကျွန်တော်ပြောခဲ့ပါသေးတယ်။ လေဆိပ်ကို တက္ကစီငှားပြီးတောင် ပို့ပေးလိုက်ချင်သေးတယ်လို့။အခုလည်း ဘေးလ်ကို ရီးရဲမှာသာ ဆက်နေစေလို ပါတယ်။အဲ့နေရာက ချစ်စရာနေလေးပါ၊နောက်ပြီး လှပတဲ့ ဂေါက်ကွင်းလေးလည်း ရှိပါတယ်။ဒီကိုလာပြီး ကျွန် တော်တို့ကို ခက်အောင် မလုပ်ချင်ပါနဲ့။”လို့ ခရစ္စက ဆိုခဲ့တာပါ။

ဘေးလ်ကို ဂေါက်သီးရိုက်နေဖို့ပဲ ပြောတာကတော့ ဘေးလ်ဟာ ဘောလုံးကစားခြင်းမှ အနားရနေတဲ့ အချိန်မျိုးမှာ မကြာခဏဆိုသလို မက်ဒရစ်မှာ ရှိတဲ့ ဂေါက်ကွင်းကိုသွားပြီး ဂေါက်သီးရိုက် ကစားလေ့ရှိတာကြောင့်လည်း ဖြစ်ပါ တယ်။

ရှက်ဖီးအသင်းအနေနဲ့ကတော့ လာမယ့် ဇန်နဝါရီ၁၆ရက်နေ့အထိ စပါးအသင်းနဲ့ ပရီးမီးယားလိဂ်မှာ တွေ့ဆုံအုံးမှာ မဟုတ်ပဲ မေလ ၁ရက်နေ့မှသာ တွေ့ဆုံကစားရမယ်လို့သိရပါတယ်။

ဘေးလ်ကိုတော့ ရီးရဲအသင်းက တစ်ပတ်လုပ်ခ ပေါင် ၅သိန်းခန့် ပေးဆောင်နေရတာ ဖြစ်ပြီး ဝယ်ယူတဲ့ အသင်းအတွက် လုပ်ခရဲ့ တစ်ဝက်ကို ပေးဆောင်ပေးအုံးမယ်လို့ ထုတ်ပြန်ထားလို့ စပါးအသင်းအနေနဲ့ ခေါ်ယူ ဖြစ်ပါကလည်း ပေါင် ၂သိန်းခွဲခန့်သာ ပေးချေရဖို့ ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က