ပထမဆုံးပြိုင်ပွဲအသွင်ကစားရတဲ့ အဝေးကွင်းပွဲကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
Kyaw Ko Ko Sint

ဝေးလ်အသင်းအနေနဲ့ နေးရှင်းလိဂ် ပွဲအဖြစ် ကစားခဲ့တဲ့ ပထမပွဲမှာတော့ အိုင်ယာလန်အသင်းကို ၄-၁ ဂိုးနဲ့ နိုင်ခဲ့ပေမယ့် အခု၎င်းလက်ထက် ပထမဆုံး ကစားတဲ့ အဝေးကွင်းပွဲမှာ တော့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

Photo - The Independent

 

ဝေးလ်လက်ရွေးစင်အသင်းရဲ့နည်းပြ ဖြစ်နေတဲ့ မန်ယူကစားသမားဟောင်း ရွိုင်ယန်ဂစ်ကတော့ ရှေ့က ဝေးလ်နည်းပြတွေနည်းတူ မှတ်တမ်းဆိုး ကို ပိုင်ဆိုင်ခဲ့ရပြန်ပါတယ်။

ဆွစ်ဇာလန်နဲ့ပွဲအတွက် အင်္ဂလန်အသင်း လူစာရင်း အပြောင်းအလဲ ပြုလုပ်ရ 

ရွိုင်ယန်ဂစ်ကတော့ ၁၉ နှစ်အတွင်းမှာ ဝေးလ်လက်ရွေးစင်အသင်းရဲ့ ၅ ယောက်မြောက်နည်းပြ ဖြစ်လာတာလည်း ဖြစ်ပြီး မနေ့က ဒိန်းမတ် အသင်းနဲ့ နေးရှင်းလိဂ် ပွဲအဖြစ် အဝေးကွင်းသွားကစားရမှာတော့ ၂-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။

Photo - Twitter

 

ဒိန်းမတ်အသင်းကတော့ ပထမပွဲမှာ ဆလိုဗက်ကီးယားအသင်းကို ပရော်ဖက်ရှင်နယ်တစ်ဦးမှ မပါဝင်ပဲ ကစားခဲ့လို့ ၃ ဂိုးပြတ်ရှုံးခဲ့ပေမယ့် ဒီပွဲမှာ တော့ ပရော်ဖက်ရှင်နယ်အကုန်လုံးနီးပါ ပြန်လည်ပူးပေါင်းနိုင်ခဲ့တာကြောင့် ဝေးလ်ကို နိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒီပွဲက ဂစ်အတွက် ထူးခြားချက်ကတော့ နည်းပြသက်တမ်းတစ်လျှောက် ပထမဆုံး ပြိုင်ပွဲအသွင်ကစားရတဲ့ အဝေးကွင်းပွဲဖြစ်ခဲ့ပြီး ပထမဆုံးအဝေးကွင်းပွဲမှာပဲ အခုလို ရှုံး နိမ့်ခဲ့တာ ဖြစ်ပါတယ်။

Photo - Sky Sports

 

ဒီအခြေအနေကတော့ ရှေ့မှာ နည်းပြခဲ့တဲ့ နောက်ဆုံး နည်းပြ ၄ ယောက်နည်းတူ ပထမဆုံးအဝေးကွင်းပွဲ ကစားခဲ့တဲ့ ပွဲတွေတိုင်းကို အကုန်လုံး ရှုံးတဲ့ စံချိန်မှတ်တမ်းဆိုးကို ဆက်လက်ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

၁၉၉၉ခုနှစ် စက်တင်ဘာလက နည်းပြ မတ်ချ်ဟုခ်ကိုင်တွယ်စဉ်က ဘယ်လာရုစ်အသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့ပြီးနောက်ပိုင်း လက်ရှိ ဝေးလ်နဲ့ ဂစ်အပါအဝင် နောက်ဆုံး နည်းပြ ၅ ဦးစလုံးဟာ ပထမဆုံး အဝေးကွင်းပွဲတွေကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က