အဝတ်လဲခန်းထဲမှာ အချေအတင်ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
Pyae Phyo Thein

အသင်းအတွက် ခြေစွမ်းပြကစားပြီး နှစ်ဂိုးသွင်းယူထားတဲ့ ဆွာရက်ဇ်ကို လူစားလဲလှယ်ခဲ့မှုအပေါ် အဓိကမကျေနပ်ချက်ဖြစ်ခဲ့ပြီး လူငယ်ကစားသမား ရီကွယ်ပုဂျ် နဲ့ အာသာကို လဲလှယ်ခဲ့တဲ့အပေါ်မှာလည်း အမျက်ထွက်ခဲ့ကြပါတယ်။ 


ဆယ်လ်တာဗီဂိုနဲ့ သရေကျခဲ့တဲ့ပွဲမှာ ဂရစ်မန်း နဲ့ အာသာကို လူစားလဲလှယ်ခဲ့တဲ့ နည်းပြဆက်တီယန်ကို ဘာစီလိုနာကစားသမားအများစုက ဒေါသထွက်နေခဲ့တယ်လို့ သိရပါတယ်။ အဝတ်လဲခန်းအတွင်းမှာ ဆက်တီယန်နဲ့ ဘာစီလိုနာကစားသမားတွေ အချင်းများမှုတွေရှိခဲ့ပြီး နည်းပြဖြစ်သူရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ကန့်ကွက်ခဲ့ကြတယ်လို့ Marca က ဖော်ပြခဲ့ပါတယ်။ 

ဘာစီလိုနာဟာ သရေတစ်မှတ်သာရရှိခဲ့လို့ ရီးရဲလ်ကို အခွင့်အရေးပေးခဲ့ရပြီး အမှတ်ပေးဖလားအတွက် ခြေတစ်လှမ်းနောက်ကျနေခဲ့ပြီလည်းဖြစ်ပါတယ်။ အသင်းအတွက် ခြေစွမ်းပြကစားပြီး နှစ်ဂိုးသွင်းယူထားတဲ့ ဆွာရက်ဇ်ကို လူစားလဲလှယ်ခဲ့မှုအပေါ် အဓိကမကျေနပ်ချက်ဖြစ်ခဲ့ပြီး လူငယ်ကစားသမား ရီကွယ်ပုဂျ် နဲ့ အာသာကို လဲလှယ်ခဲ့တဲ့အပေါ်မှာလည်း အမျက်ထွက်ခဲ့ကြပါတယ်။ 

ဒါဟာ ကစားသမားနဲ့ နည်းပြကြားမှာ ပထမဆုံးဖြစ်ပွားတာမျိုးမဟုတ်ဘဲ ဆက်တီယန်ရဲ့ နည်းစနစ်တွေနဲ့ပတ်သက်ပြီး အရင်ကလည်း စကားများမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ အဝေးကွင်းသရေပွဲဖြစ်ခဲ့ပြီးနောက် ဆွာရက်ဇ်က ဘယ်သူ့မှာတာဝန်ရှိလဲဆိုတာကို ညွှန်ပြခဲ့ပြီးတော့ ဝေဖန်မှုတွေပြုလုပ်သွားခဲ့ပါတယ်။ 

ဘာစီလိုနာအနေနဲ့ ဘာလို့သရေကျခဲ့တာလဲဆိုတဲ့ မေးခွန်းကို ဆွာရက်ဇ်က "ဒီအခြေအနေတွေကို လေ့လာသုံးသပ်ဖို့အတွက် နည်းပြတွေရှိနေတယ်လို့ ကျွန်တော်ထင်တယ်၊ ကျွန်တော်တို့က ကွင်းအတွငး်မှာ အကောင်းဆုံးလုပ်ပြဖို့ပဲရှိနေတာပါ၊ အဝေးကွင်းမှာ အရေးကြီးတဲ့ရမှတ်တွေဆုံးရှုံးခဲ့ရပြီးတော့ ပုံမှန်ဆိုရင် တခြားရာသီတွေမှာ ဒီလိုမဖြစ်ဖူးပါဘူး" လို့ ဖြေဆိုသွားခဲ့ပါတယ်။ 

ဘာစီလိုနာအသင်းသရေကျခဲ့ပြီးနောက်မှာ ရီးရဲလ်က အက်စ်ပန်ညိုကို အနိုင်ကစားခဲ့လို့ ၂မှတ်ကွာဟခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်အနေနဲ့ နောက်တစ်ပွဲသရေကျပြီး ဘာစီလိုနာကအနိုင်ရခဲ့ရင်တောင်မှ ထိပ်တိုက်တွေ့မှုမှာအသာရရှိထားလို့ အမှတ်ပေးဇယားကို ဥိးဆောင်နေဦးမှာဖြစ်ပြီး အတိမ်းအစောင်းခံလို့ရသေးကာ ဘာစီလိုနာကတော့ အတိမ်းအစောင်းမခံတော့တာလည်းဖြစ်ပါတယ်။ 


Author


က္က