ဘာစီလိုနာနည်းပြဖြစ်လာဖို့လည်း အီတူးက မျှော်လင့်နေပါတယ်။

အင်တာမီလန်မှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြမော်ရင်ဟိုအပေါ်မှာထားရှိတဲ့ သူ့ရဲ့စိတ်ထားကိုလည်း အီတူးက ထုတ်ဖော်ပြောဆိုမှု ပြုလုပ်ခဲ့ပါသေးတယ်။


ဘာစီလိုနာအသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဆင်မြူရယ်အီတူးက တစ်နေ့နေ့မှာ ဘာစီလိုနာကို မော်ရင်ဟိုက နည်းပြအဖြစ်ကိုင်တွယ်ဖို့ မျှော်လင့်မိကြောင်း ပြောဆိုလိုက်ပါတယ်။ အင်တာမီလန်မှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြမော်ရင်ဟိုအပေါ်မှာထားရှိတဲ့ သူ့ရဲ့စိတ်ထားကိုလည်း အီတူးက ထုတ်ဖော်ပြောဆိုမှု ပြုလုပ်ခဲ့ပါသေးတယ်။

အီတူးကတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်းကပဲ ကစားသမားဘဝကနေ အနားယူခဲ့သူဖြစ်ပါတယ်။ ဘာစီလိုနာမှာ အောင်မြင်မှုအများအပြားရရှိခဲ့သလို အင်တာမီလန်အသင်းနဲ့ တစ်ရာသီအတွင်း ဆုဖလား (၃)လုံးအထိ ဆွတ်ခူးနိုင်ခဲ့တဲ့ အီတူးဟာ အာဖရိကအကောင်းဆုံးကစားသမားဆုကိုလည်း ၄ ကြိမ်တိုင်တိုင်ရရှိခဲ့သူဖြစ်ပါတယ်။

မော်ရင်ဟိုကတော့ ဘာစီလိုနာအသင်းမှာလည်း ရာထူးတစ်ခုနဲ့ တာဝန်ယူထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။ "သူသာ ဘာစီလိုနာကို ပြန်လာမယ်ဆိုရင် တော်တော်လေးလှပကောင်းမွန်တာမျိုး ဖြစ်လာမှာပါ၊ သူက ကမ္ဘာ့ဘောလုံးလောကထဲက အကောင်းဆုံးလူတစ်ဦးပါ၊ ကျွန်တော်ကစားသမားဘဝက အနားယူချိန်မှာ ပထမဆုံးမက်ဆေ့ဂျ်ပို့ခဲ့တာက သူပါပဲ"

"ကစားသမားအားလုံးက သူ့အတွက်ဆိုရင် တိုက်ခိုက်ရဲ၊ သတ်ဖြတ်ရဲကြပါတယ်" လို့ အီတူးက SPORT သတင်းဌာနနဲ့ တွေ့ဆုံမှုမှာ ပြောဆိုခဲ့ပါတယ်။ မော်ရင်ဟိုကတော့ ရီးရဲလ်မက်ဒရစ်မှာ ၃နှစ်ကြာ နည်းပြအဖြစ်ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ရီးရဲလ်နည်းပြဘဝမှာ ဘာစီလိုနာအသင်းနဲ့ ကြီးမားတဲ့ပြိုင်ဆိုင်မှုတွေ ရှိခဲ့ပြီး ကိုယ်ထိလက်ရောက်တိုက်ခိုက်မှုတွေပါ ရှိခဲ့ဖူးသူဖြစ်ပါတယ်။ အီတူးနဲ့ မော်ရင်ဟိုတို့ဟာ ချယ်လ်ဆီးမှာလည်း နောက်ထပ်တစ်ကြိမ် လက်တွဲခဲ့ဖူးပြီး ရင်းနှီးတဲ့ ဆက်ဆံရေးကိုလည်း တည်ဆောက်ထားနိုင်ခဲ့ပါတယ်။



က္က