ကော်လိုရာဒိုအသင်းဖက်ကို ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။

မနှစ်က အော်လန်ဒိုစီးတိးအသင်းတိုက်စစ်မှူး မာတီနက်ဇ်ရဲ့ တစ်ရာသီ သွင်းဂိုး ၃၁ ဂိုးစံချိန်ကို ၃၄ ဂိုးနဲ့ ကျော်ဖြတ်လိုက်တာပါ။

လော့စ်အိန်ဂျလိစ် တိုုက်စစ်မှူး ကားလို့စ်ဗီလာကတော့ ကော်လိုရာဒို ရက်ပစ်အသင်းဖက်ကို ဟက်ထရစ်သွင်း ဂိုးရယူအပြီး ဂျိုးဇက်မာတီးနက်စ်ရဲ့ သွင်းဂိုးစံချိန်ကို ချိုးဖျက်လိုက်တယ်လို့ BBC SPORT သတင်း ဌာနက ဖော်ပြလာပါတယ်။





အာဆင်နယ် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဗီလာအနေနဲပ အော်လန်ဒိုစီးတီးအသင်းတိုက်စစ်မှူး မာတီနက်ဇ်ရဲ့ မနှစ်က တစ်ရာသီအတွင်း ၃၅ ပွဲမှာ ၃၁ ဂိုးသွင်းပြီး ရွှေဖိနပ်ဆုရယူခဲ့တဲ့ စံချိန်ကို ကျော်ဖြတ် နိုင်ခဲ့တာပါ။

ဗီလာအနေနဲ့ လက်ရှိမှာသွင်းဂိုးက ၃၄ ဂိုးအထိရှိလာခဲ့ပြီ ဖြစ်ပြီး အနောက်ဇုန်မှာ ထိပ်ဆုံးကနေ နောက်ဆုံး အဆင့် စီးရီးကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

မက္ကဆီကို လက်ရွေးစင်ဟောင်းတစ်ဦးဖြစ်တဲ့ ကားလို့စ်ဗီလာကတော့ လာလီဂါကလပ် ရီးရဲ ဆိုစီဒက်အသင်း ကနေ ၂၀၁၈ ခုနှစ်က ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းမှာတော့ ၂၀၀၅ ကနေ ၂၀၁၂ ခုနှစ်အထိ ကစားခဲ့ပြီး ၂၉ ပွဲမှာ ၃ ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါ တယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က