နည်းပြရဲ့လူစားလဲလှယ်မှု မှန်ကန်ခဲ့တာပါ။
Kg Htet

ယနေ့နံနက် ၂ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အေဂျက်အသင်းနဲ့ ရီးရဲမက်ဒရစ်အသင်းတို့ရဲ့ပွဲစဉ်မှာ ရီးရဲမက်ဒရစ်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ပထမပိုင်းမှာ အိမ်ရှင်အေဂျက်အသင်းက တရစပ်ဖိအားပေးတိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းက ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ၃၇ မိနစ်မှာ အေဂျက်အသင်း ကန်သွင်းယူခဲ့တဲ့သွင်းဂိုးကို ကွင်းလယ်ဒိုင်က VAR နဲ့ ကြည့်ရှုခဲ့ပြီး ဂိုးအဖြစ် မသတ်မှတ်ပေးခဲ့တာကြောင့် အဖွင့်ဂိုး ရရှိမယ့်အခွင့်အရေးဆုံးရှုံးခဲ့ပါတယ်။



ဒုုတိယပိုင်း ပြန်လည်စတင်ချိန်မှာ ရီးရဲမက်ဒရစ်အသင်းက ကစားပုံပိုမိုကောင်းမွန်လာခဲ့ပြီး မိနစ် ၆၀ မှာ ဘန်ဇီးမားက ဗင်နစ်ရှပ်ဂျူနီယာရဲ့ဖန်တီးပေးပို့မှုကနေတဆင့် ရီးရဲမက်ဒရစ်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အဖွင့်ဂိုး ခွင့်ပြုခဲ့ရပြီးနောက် အေဂျက်အသင်းက ချေပဂိုး ပြန်လည်ရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့် ထိရောက်တဲ့ဂိုးပေါက်ခြိမ်းခြောက်မှုမပြုလုပ်နိုင်ခဲ့ပါဘူး။ ၇၅ မိနစ်မှာ ဒေးဗစ်နီရက်စ်ရဲ့ပေးပို့မှုကို ဟာကင်ဇီယက်ချ်က အနီးကပ်ပိတ်သွင်းယူပြီး အေဂျက်အသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ နောက်ထပ်ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ဖို့ ကြိုးပမ်းခဲ့ပြီး ဒုတိယပိုင်းပြီးဆုံးခါနီး ၈၇ မိနစ်မှာ ကာဗာဂျယ်ရဲ့ ဖန်တီးပေးပို့မှုကို ၇၃ မိနစ်မှာ လူစားဝင်ကစားခဲ့တဲ့ အဆန်စီယိုက အမှားအယွင်းမရှိအဆုံးသတ်ပြီး ရီးရဲမက်ဒရစ်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ရရှိခဲ့ပါတယ်။


Author


က္က