ဥရောပ ယူ၂၁ ပြိုင်ပွဲအဖြစ် ကစားခဲ့တာပါ။

ဒီပွဲစဉ်မှာ နှစ်သင်းပေါင်း (၆)ဂိုးအထိ သွင်းယူခဲ့ကြပြီး သွင်းဂိုးအားလုံးကို ပွဲပြီးခါနီး (၁၅)မိနစ်အလိုမှာ အပြိုင်အဆိုင်သွင်းယူခဲ့တာဖြစ်ပြီး ပွဲပြီးဆုံးခါနီး မိနစ်တွေက စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ပါတယ်။


အင်္ဂလန် ယူ-၂၁အသင်းဟာ ရိုမေးနီးယား ယူ-၂၁အသင်းကို ၄-၂ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဥရောပ ယူ-၂၁ ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပြီ ဖြစ်ပါတယ်။ ပထမပွဲမှာ ပြင်သစ်ကို အရေးနိမ့်ထားခဲ့တဲ့ အင်္ဂလန်ဟာ ရိုမေးနီးယား ယူ-၂၁အသင်းကို ပေးဂိုးအများအပြား ခွင့်ပြုခဲ့ရပြီးနောက် ပြိုင်ပွဲကနေ အရှက်ရဖွယ် ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။



ပရီးမီးယားလိဂ်နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ဂျိမ်းစ်မက်ဒီဆန် ၊ ဒီမာရိုင်ဂရေး၊ ကယ်လ်ဗက်လီဝင်တို့လို ကစားသမားတွေ ပါဝင်ခဲ့တဲ့အပြင် ရိုင်ယန်ဆက်ဆက်နွန်၊ ဖီးလ်ဖိုဒန်၊ အေဘရာဟမ်တို့လို ကစာသမားတွေလည်း လူစားဝင်ကစားပေးခဲ့ပေမယ့် အင်္ဂလန် ယူ-၂၁အသင်းဟာ နှစ်ပွဲဆက်တိုက် အရေးနိမ့်ခဲ့ကာ အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ နှစ်သင်းပေါင်း (၆)ဂိုးအထိ သွင်းယူခဲ့ကြပြီး သွင်းဂိုးအားလုံးကို ပွဲပြီးခါနီး (၁၅)မိနစ်အလိုမှာ အပြိုင်အဆိုင်သွင်းယူခဲ့တာဖြစ်ပြီး ပွဲပြီးဆုံးခါနီး မိနစ်တွေက စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ပါတယ်။ (၇၆)မိနစ်မှာ ဂျော့ပွတ်စ်ကပ်စ်က ပယ်နယ်တီကတဆင့် ရိုမေးနီးယားအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ဂရေးက ၇၉မိနစ်မှာ ပြန်လည်ချေပခဲ့ပါတယ်။

(၈၅)မိနစ်မှာ ဟာဂီက ရိုမေးနီးယားအတွက် နောက်ထပ်ဦးဆောင်ဂိုးသွင်းခဲ့ပြီး အေဘရာဟမ်က (၈၇)မိနစ်မှာ ထပ်မံချေပခဲ့ရပါတယ်။ (၈၉)မိနစ် နဲ့ မိနစ် (၉၀)တို့မှာ ရိုမေးနီးယားက ဂိုးတွေဆက်တိုက်သွင်းယူခဲ့ပြီးနောက်မှာ အင်္ဂလန်ယူ-၂၁အသင်း ပြန်လည်ချေပနိုင်ခြင်းမရှိတော့ပဲ အရေးနိမ့်ခဲ့ကာ ပြိုင်ပွဲက ထွက်ခွာခဲ့ရပါတယ်။

အင်္ဂလန် ယူ-၂၁အသင်းအနေနဲ့ စာရွက်ပေါ်က လူစာရင်းက နာမည်ကျော်ကြားတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားခဲ့ပေမယ့် တကယ်တမ်းကစားချိန်မှာ ပြိုင်ဘက်အသင်းထက် စွမ်းဆောင်ရည်နိမ့်ပါးနေခဲ့ပြီး ပွဲရလဒ်ကို အဆုံးအဖြတ်ပေးနိုင်ဖို့အတွက်လည်း အားနည်းချက်တွေ ရှိခဲ့ကာ နည်းပြအက်ဒရီယန်ဘို့သရွိုက်ရဲ့ အသင်းဟာ အရေးနိမ့်ထွက်ခွာခဲ့ပါတော့တယ်။ အုပ်စုနောက်ဆုံးပွဲအဖြစ် အင်္ဂလန်ယူ-၂၁အသင်းဟာ ခရိုအေးရှား ယူ-၂၁အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က