အပြောင်းအရွှေ့ဖြစ်မြောက်ဖွယ်ရှိတယ်လို့ မျှော်လင့်ရပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ ယခုနွေရာသီမှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ဘရာဇီးလ်ကြယ်ပွင့်နေမာအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၁၀ အပြင် ဘလွန်းဒီအော်ဆုရှင် မိုဒရစ်ကိုပါ အလိုက်ပေးကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့ Sportskeeda ရဲ့သတင်းအရ သိရပါတယ်။

နေမာဟာ ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာလိုကြောင်း အသင်းထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြောကြားခဲ့သူဖြစ်ပြီး အသင်းဟောင်း ဘာစီလိုနာအသင်းကို ပြန်လည်ပြောင်းရွှေ့လိုနေသူဖြစ်ပါတယ်။



အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နေမာရဲ့အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီး ဘာစီလိုနာအသင်းဒုဥက္ကဌ ကာဒိုနာက မကြာသေးမီကမှ ငြင်းပယ်ထားပြီး နူးကမ့်ကို နေမာ ပြန်လာချင်နေတယ်ဆိုတာကို သတိပြုမိကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် နေမာနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ အနာဂတ်ဟာ ပိုမိုမရေမရာဖြစ်လာခဲ့ပြီဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းက နေမာကို ကြားဖြတ်ခေါ်ယူမယ့်အသင်းအဖြစ် အံ့အားသင့်ဖွယ် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဘာစီလိုနာအသင်းနည်းတူ ရီးရဲမက်ဒရစ်အသင်းကလည်း ပီအက်စ်ဂျီအသင်းက နေမာအတွက် သတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြေးကို ပေးချေဖို့ မတတ်နိုင်တာကြောင့် နေမာအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၁၁၀ အပြင် ကွင်းလယ်ကြယ်ပွင့် လူကာမိုဒရစ်ကိုပါ အလိုက်ပေးကမ်းလှမ်းခဲ့တယ်လို့ SPORT ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ၂၀၁၇ ခုနှစ်တုန်းက နေမာအတွက် ဘာစီလိုနာအသင်းကို ပေးချေခဲ့ရတဲ့ ပေါင် ၁၉၈ သန်းအတိုင်း ပြန်လိုချင်နေတာဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းက ဘလွန်းဒီအော်ဆုရှင် မိုဒရစ်ကို ထည့်သွင်းကမ်းလှမ်းခဲ့တာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ နီးစပ်တဲ့အနေအထားဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

Share

Loading Next Article...
က္က