ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူးနေမာအနေနဲ့ အခုနှစ်အပြောင်းအရွှေ့ဈေးကွက်အတွင်း ပီအက်စ်ဂျီအသင်းက နေထွက်ခွာဖို့ စီစဉ်နေခဲ့တာလည်းဖြစ်ပါတယ်။
ပြင်သစ်ကလပ်ပီအက်စ်ဂျီအနေနဲ့ အသင်းရဲ့အဓိကတိုက်စစ်မှူးနေမာအတွက် ကမ်းလှမ်းမှုများစွာရှိနေခဲ့ခြင်းကို ပယ်ချခဲ့ပြီး အသင်းဟောင်းဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကိုလည်း ထပ်မံငြင်းဆန်ခဲ့တယ်လို့ DailyMail က ဖော်ပြလာပါတယ်။
နေမာဟာ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီကုန်ကတည်းက ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာဖို့ဆန္ဒရှိနေခဲ့သူဖြစ်ပြီ အောင်မြင်မှုတွေအစပြုခဲ့တဲ့ စပိန်လာလီဂါကို ပြန်သွားလိုနေတာဖြစ်ပြီး အသင်းဟောင်းဘာစီလိုနာနဲ့ပြန်ပြီး လက်တွဲလိုနေသူလည်းဖြစ်ပါတယ်။
လက်ရှိမှာ ဘာစီလိုနာအသင်းကလည်း နေမာကိုပြန်လည်ခေါ်ယူဖို့အကြိမ်ကြိမ်ကမ်းလှမ်းနေခဲ့တာဖြစ်ပြီး တော င်ပံကစားသမား ကော့တင်ဟိုကို အလိုက်ပေးမယ့်အပြင် ပေါင် ၇၄ သန်းပေးချေဖို့အထိ အသင့်ရှိနေခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းက ငြင်းဆန်ပယ်ချနေခဲ့တာပါ။
စပိန်မီဒီယာ AS.com ရဲ့ဖော်ပြချက်အရ ဘာစီလိုနာဥက္ကဋ္ဌဘာတိုမြူအနေနဲ့ နေမာရဲ့အပြောင်းအရွှေ့အတွက် ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌအယ်လ်ခါလီဖီနဲ့အကြား သီးသန့်တွေ့ဆုံမှုခဲ့ပြီး အပြောင်းအရွှေ့အတွက် ညှိနှိုင်းမှုအချို့ ပြုလုပ်ခဲ့တယ်လို့လည်း အခိုင်အမာဖော်ပြလာပါတယ်။
အပြောင်းအရွှေ့ဖြစ်ပေါ်ဖို့ နီးစပ်နေခဲ့ပေမယ့် လက်ရှိမှာ ဘာစီလိုနာအသင်းရဲ့အားကစားဒါရိုက်တာအဘီဒယ်နဲ့ အဖွဲ့ဝင်များအနေနဲ့ ပီအက်စ်ဂျီအသင်းအားကစားဒါရိုက်တာလီယိုနာဒို၊ နေမာရဲ့ဖခင်ဖြစ်သူတို့ကို ဆက်လက်ညှိ နှိုင်းနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။